နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းပြီး အပြောင်းအလဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်မှာ အမိန့်အမှတ် ၈၅/၂၀၂၃ ဖြင့် ထုတ်ပြန်လိုက်ပြီး အဖွဲ့ဝင်တချို့အပြောင်းအလဲ ပြုလုပ်လိုက်တာကို တွေ့ရပါတယ်။ ပြင်ဆင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ဒု-ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူခဲ့ပြီး အတွင်း ရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အ တွင်းရေးမှူးအဖြစ် ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က တာဝန်ယူထားသည်။

အဖွဲ့ဝင်တွေအနေနဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဦးဝဏ္ဏမောင်လွင် ၊ ဒေါ်ဒွဲဘူ ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်း မောင် ၊ ဒေါက်တာ မှုထန် ၊ ဒေါက်တာ ဘရွှေ ၊ ခွန်စံလွင် ၊ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့ ပါဝင်ပြီး အတွင်းရေးမှူး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ပဲ ဆက်လက် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

အခုပြန်ဆင်ဖွဲ့စည်းတဲ့ နစက အဖွဲ့ဝင်တွေမှာတော့ အရင်နစက အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ ပြန်လည် ပါဝင်လာတာမရှိဘဲ နစကဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ အသစ်ပါဝင်လာတာကို တွေ့ရပါတယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ စစ်ဘက်မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်စေလိုက်တယ်လို့လည်း အမိန့်ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည့် လုပ်ငန်းကို ပြန်လည်ဦးစီးလုပ်ကိုင်တော့မယ့် သရုပ်ဆောင်ချမ်းမေမြတ်နိုး
Next post NCA (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပမည်