မိဘစုံရာရှေ့မှာ စေ့စပ်လိုက်သော အဆို‌တော် ထွန်းနောင်ဆင့် နှင့် အဆိုတော် နန့်ချစ်နဒီဇော်

မြန်မာပြည်ရဲ့ X-factor Myanmar ပြိုင်ပွဲ first Season Winner တစ်ဦးဖြစ်ပြီး Omegle Talk to Strange မှာ အဆိုကောင်း၍ နိုင်ငံခြားပရိသတ်များ ရရှိခဲ့သော အဆို‌တော် ထွန်းနောင်ဆင့် နှင့် ၂၀၁၃ ခုနှစ်က အိပ်မက်ဆုံရာ Season 4 ပြိုင်ပွဲမှာ 1st Runner Up ဆုနဲ့ Dancing With The Stars ပြိုင်ပွဲမှာ Winner ဆု ရရှိခဲ့သော အဆိုတော် နန့်ချစ်နဒီဇော်တို့ နှစ်ဦးဟာ သြဂုတ် ၂၈ ရက်နေ့က နှစ်ဖက်မိဘတွေရှေ့မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စာမျက်နှာသစ် ဇာတ်လမ်းတွဲထဲမှာလဲ တူတူပါဝင် သရုပ်‌‌‌ဆောင်ထားကြပါတယ်။

သူတို့နှစ်ဦးရဲ့ စေ့စပ်ပွဲနဲ့ ပတ်သက်ပြီး အဆိုတော် ထွန်းနောင်ဆင့်က သူ၏ဖေ့ဘုတ်စာမျက်နှာကနေ အခုလိုရေးသား ထားပါတယ်။ “ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ပြီးခဲ့တဲ့ 28.8.23 ရက်နေ့မှာ ကျွန်တော် ထွန်းနောင်ဆင့်နဲ့ နန့်ချစ်နဒီဇော်တို့ဟာ ဘုရားရှေ့၊ နှစ်ဖက်မိဘများ၊ ဆွေမျိုးများနှင့် ဆရာ၊ ဆရာမများရှေ့မှာ စေ့စပ်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ် ကျွန်တော့အနေနဲ့ ဘာဆိုဘာမှ မတတ်နိုင်ပေမယ့် အရာရာဘုရားသခင်ရဲ့ ကျေးဇူးတော်သက် သက်ကြောင့်သာ ဒီအခြေအနေထိဖြစ်လာတာပါ….အဲ့နေ့အတွက် အဖက်ဖက်က ပါဝင်မေတ္တာပြပြီး လာရောက်ပေးကြသော နှစ်ဖက်မိဘ၊ ဆရာ ဆရာမများနှင့် ဆွေမျိုးများ အားလုံးကို ရင်ထဲက လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်”ဟု လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြလာပါတယ်။

DBN ပရိသတ်ကြီးကိုယ်စားလည်း ချစ်သူနှစ်ဦး ချစ်ခြင်းမေတ္တာမပြတ် သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သပိတ်ဖြင့် ဆွမ်းခံ၊ ဆွမ်းစားပြုလုပ်နေတဲ့ ပြည်မြို့က သီလရှင်ကို လူဝတ်လဲ၍ နယ်နှင်ဒဏ်ပေးလိုက်ပြီ
Next post ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းပါဝင်သော ၄ ထပ် ဆောင်အဆောက်အဦသစ်ဖွင့်လှစ်