မြန်မာသံအမတ်ကြီးမှ ရီရတ်ဒ်မြို့အခြေစိုက် ကာတာနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု သည် ရီရတ်ဒ်မြို့အခြေစိုက် ကာတာနိုင်ငံ သံအမတ်ကြီး His Excellency Bandar bin Mohammed al-Attyah အား ၁၁-၉-၂၀၂၃ ရက်၊ (၁၂၀၀) နာရီတွင် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကာတာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများ အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဆိုတော်တွေနဲ့သာရိုက်ကူးသွားမယ့် တေးတစ္ဆေ ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲကျင်းပ
Next post Captain America မင်းသားနှင့် ၎င်း၏ သတိုးသမီးလောင်း တို့ လက်ထပ်ထိမ်းမြား