
(၂၂-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၂-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းမှုမရှိပါက မဂ္ဂါဝပ် ၆,၀၀၀ ရရှိမည်ဖြစ်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်သည့်အနေအထားသိုပင် ရောက်ရှိနိုင်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
၂။ ဗန်းမော်မြိုနယ်အတွင်း တပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း နစကထုတ်ပြန်
၃။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်
၄။ မန္တလေးမြို၌ မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်ထိထားသည့် တိုက်တစ်လုံး ထပ်မံပြိုကျ
၅။ လုပ်ခလစာ တိုးမြှင့်ပေးရန် တပတ်နီးပါးကြာ ဆန္ဒထုတ်ဖော်တောင်းဆိုနေသည့် ချန်းရိဖိနပ်စက်ရုံအလုပ်သမားများ အလုပ်ရှင်နှင့် သဘောတူညီမှုရ
၆။ ကျားဖြန့်နှင့်ပတ်သက်၍ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများအနက် ၃၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို ထပ်မံလွှပြောင်းပေးခဲ့ပြီး နောက်ထပ် ပြည်ပနိုင်ငံသား ၁၃ ဦး ထပ်မံဖမ်းမိ
၇။ မြစ်ကြီးနားမြိုတွင် သုံးဘီးမှ ဆိုင်ကယ်အားတိုက်ပြီး ထွက်ပြေး၊ အမျိုးသားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
၈။ မေလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၀၅ ကျပ်၊ Diesel – ၂၃၂၀ ကျပ်၊ Premium Diesel – ၂၈၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂြိုဟ်တုအခြေပြု အင်တာနက်ဝန်ဆောင်မှုများ ပေးရန် Starlink စတင်လွှင့်တင်
၂။ အိုင်စီစီမှ နုတ်ထွက်ရန် ဟန်ဂေရီလွှတ်တော် အတည်ပြု
၃။ ဆီးရီးယားအပေါ် စီးပွားရေးပိတ်ဆိုအရေးယူမှုတွေအားလုံးကို ရုတ်သိမ်းပေးဖို ဥရောပသမဂ္ဂအဖွဲဝင်နိုင်ငံတွေ သဘောတူ
၄။ ရုရှားသမ္မတပူတင်က အချိန်ကိုကစားနေတယ်လို ယူကရိန်းသမ္မတ စွပ်စွဲပြောဆို
၅။ ပြင်သစ်သမ္မတ၏ ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်
၆။ နိုင်ငံရေးကိုတည်ငြိမ်အောင်လုပ်ပေးဖို ထိုင်းစီးပွားရေးသမားကြီးတွေက အစိုးရကို တောင်းဆို
အားကစားသတင်းများ
၁။ AFC Asian Cup မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ပထမအကျော့ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
၂။ ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ပေါ်တူဂီနည်းပြ ပေါ်လို ဆေးလ်ဗားနှင့် စတင်လေ့ကျင့်
၃။ တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF Futsal Amateur Cup 2025 ပြိုင်ပွဲဝင်ခွင့်
၄။ ဒီဘရိုင်းနှုတ်ဆက်ပွဲတွင် မန်စီးတီးကစားသမားဟောင်းများ ဂုဏ်ပြုစကားပြော
၅။ ယူရိုပါလိဂ်ဆုဖလားက မန်ယူအတွက် ကြီးမားသည့်အရာ မဟုတ်ဟု နည်းပြ အာမိုရင်ပြော
အနုပညာသတင်းများ
၁။ ရှိန်းမင်းကာရိုက်တာက ကြမ်းပေမယ့် အပြင်က ကိုယ့်ကာရိုက်တာက နူးညံ့တဲ့အခါနူးညံ့ပြီး စိတ်တိုတဲ့အခါ လည်းတိုတာပေါ့ ဆိုတဲ့ အောင်ရဲလင်း
၂။ ဆရာမကာရိုက်တာနဲ့ တွဲမိပြီး သရဲမင်းသမီးလို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်မိပါတယ်ဆိုတဲ့ မြယာ
၃။ ထိုင်းသံရုံးက ကြီးမှူးကျင်းပမယ့် ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ကို လာမယ့်ဇွန်လအတွင်း ရန်ကုန်မြိုမှာ ကျင်းပမည်