
(၁၄-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၄-၅-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယနေ့မနက်အစောပိုင်း၌ ပြင်ဦးလွင်အနီးအပါအဝင်ဒေသသုံးခု၌ မြေငလျင် လေးကြိမ် လှုပ်ခတ်
၂။ ရေကြောင်းလူငယ် သင်တန်းများမှ သင်တန်းသားများ စခန်းပေါင်းစုံပြိုင်ပွဲများကို ရန်ကုန်တွင် ပြုလုပ်ခဲ့ပြီး လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသားများ လေယာဉ်/ရဟတ်ယာဉ်များပေါ် လိုက်ပါပျံသန်းခဲ့ကြ
၃။ ရန်ကုန်မြို Yangon Convention Center (YCC)၌ ထိုင်းကုန်စည်ပြပွဲ ကျင်းပမည်
၄။ တစ်ရက်လျှင် ဘိလပ်မြေ အိတ်တစ်သောင်းရောင်းချပေးနေ
၅။ အမျိုးသမီးတစ်ဦးကို တရုတ်မယားအဖြစ် ရောင်းစားရန် စီစဉ်ခဲ့သူနှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်
၆။ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြိုများတွင် အကြီးစားပြန်လည်ပြင်ဆင်ရန်နှင့် ငလျင်အား ဖြည့်မွန်းမံရန် လိုအပ်သည့်အဆောက်အအုံ ၁၉၅၄ လုံးခန့်ရှိ
၇။ အင်းတော်က PDF တွေဆီပိုဖို မန္တလေးကနေသယ်လာတဲ့ ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းစိမ်းတွေကို စစ်ကိုင်းမှာဖမ်းမိ
၈။ မေလ ၁၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၇၁၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၂၅ ကျပ်၊ Octane 95 – ၂၈၈၅ ကျပ်၊ Diesel – ၂၄၁၅ ကျပ်၊ Premium Diesel – ၂၉၈၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ သမ္မတထရမ့် စီးနင်းဖို အထူးဇိမ်ခံ ဘိုအင်းလေယာဉ်ကြီးကို ကာတာဘုရင်မိသားစုက လက်ဆောင်ပေးမည်
၂။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖိန်ကို ယခု ရက်သတ္တပတ်အတွင်းမှာ ဆက်သွယ်ဆွေးနွေးမှုပြုကောင်းပြုသွားနိုင်ကြောင်း ပြောကြား
၃။ အထိန်းသိမ်းခံဒူတာတေး မြိုတော်ဝန်ရွေးကောက်ပွဲတွင် အနိုင်ရ
၄။ အာကာသထဲ၌ ရာစုနှစ်ဝက်ခန့်ရှိနေခဲ့သည့် ဆိုဗီယက်ခေတ် အာကာသယာဉ် အိန္ဒိယသမုဒ္ဒရာထဲပျက်ကျ
၅။ တုကီယေးသည် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှု အဆင့်အားလုံး၌ ထောက်ခံကူညီရန်အသင့်ရှိ
၆။ ကာ့ဒ်အလုပ်သမားများပါတီ (PKK) က ပါတီ ဖျက်သိမ်းပြီး တူရကီကို လက်နက်ကိုင်တော်လှန်ခြင်းအား အဆုံးသတ်
အားကစားသတင်းများ
၁။ ဘောလုံးအကယ်ဒမီအတွက် နောက်ဆုံး ဇကာတင် ရွေးချယ်ပွဲယနေ့ပြုလုပ်မည်
၂။ လက်ရှိ Ballon d’Or ဇကာတင် စာရင်းတွင် ဘာစီလိုနာ တိုက်စစ်မှူး Lamine Yamal ထိပ်ဆုံးမှ ရပ်တည်နေ
၃။ အန်စလော့တီကို နည်းပြချုပ်အဖြစ် ခန့်အပ်ကြောင်း ဘရာဇီးဘောလုံးအဖွဲချုပ် အတည်ပြု
၄။ ဟယ်ရီကိန်း၏ ဆုဖလားရယူနိုင်မှုက အတုယူစရာဖြစ်ဟု ဆွန်ဟောင်မင်ပြော
၅။ အာနိုးလ်နေရာအတွက် လီဗာကူဆင်က ဖရင်ပေါင်နှင့် အစားထိုးနိုင်ရန် လီဗာပူး ဆွေးနွေး
အနုပညာသတင်းများ
၁။ ဟိန်းဝေယံရဲ့အချစ်ရေးက ပရိသတ်တွေထင်သလိုမျိုး တော်တော်များများမှန်ပါတယ်ပြောလိုက်တဲ့ ဖေဖေ ဦးဝင်းကို
၂။ Stress တွေကို စိတ်ထဲမထားဘဲ ကိုယ့်ကိုယ်ကိုယ် Active ဖြစ်အောင်နေလို နုပျိုနေတာပါဆိုတဲ့ မမဆောင်း
၃။ Horror ဇာတ်လမ်းပုံစံ “မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆”ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲ အခမ်းအနားကျင်းပ