
(၂၂-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၂-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နစက ဥက္ကဋ္ဌနှင့် ဇနီးတိုက ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေး အခြေအနေများအား သွားရောက်ကြည့်ရှုအားပေး
၂။ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၇၃၅) ဦး၊ ဒဏ်ရာရရှိသူ (၅၁၀၈) ဦးနှင့် ပျောက်ဆုံးသူ (၁၂၀) ဦးခန့်ရှိ
၃။ အသေးစားစက်မှုလုပ်ငန်း ၁၃မျိုးမှ လုပ်ငန်းပေါင်း (၂၀၀၀) နီးပါးမှတ်ပုံတင်ထား
၄။ ဒုတိယအကြိမ် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီးကို မေလ ၁ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည်
၅။ လာမည့်ရာသီချိန်တွင် တရုတ်နိုင်ငံသို မြန်မာ့ထောပတ်သီးတရားဝင်တင်ပိုနိုင်ရန် စီစဉ်နေ
၆။ လားရှိးတွင် ကိုးကန့်အလံများ ယနေ့ဖြုတ်ချ
၇။ ညောင်ဦးမြိုနယ် ရွာပုလဲကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် (၃) ဦး ကို အကြမ်းဖက်တွေ သတ်ဖြတ်
၈။ ဧပြီလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၄၀ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၃၉၀ ကျပ်၊ Premium Diesel – ၂၉၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပါကစ္စတန်တွင် KFC ဆိုင်များကို တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲက လူ ၁၆၀ ခန့်အား ဖမ်းဆီးထိန်းသိမ်း
၂။ စင်ကာပူ၊ Star Vista Mall မှာ အမြင့်မှ အပြင်ဘက်နံရံမှန်ချပ်များ ပြုတ်ကျလာခဲ့ခြင်းကြောင့် လမ်းသွားလမ်းလာ လူ ၆ ဦး ဒဏ်ရာရ
၃။ ရုရှားနဲ့ယူကရိန်းကြား အပြည့်အဝအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အတွက် အချိန်တစ်ခုကို အမေရိကန် သတ်မှတ်
၄။ ထိုင်းနိုင်ငံ၏ ဆောင်ခရမ် ရေကစားပွဲတော်အတွင်း လမ်းမတော်တဆမှုများကြောင့် လူ ၂၅၃ ဦး သေဆုံး
၅။ ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ယာယီရပ်နားထားမယ်လို ရုရှားသမ္မတပြော
၆။ ရုရှားနဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ စစ်သား (၉၀၉) ဦးရဲ့ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့တယ်လို ယူကရိန်းအစိုးရပြော
အားကစားသတင်းများ
၁။ ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်
၂။ မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်း လှူဒါန်း
၃။ ရတနာပုံအသင်းနည်းပြချုပ် ပြောင်းလဲခန့်အပ်
၄။ မန်ယူနှင့် ASEAN-All Stars အသင်း ခြေစမ်းပွဲတွင် မောင်မောင်လွင် ပါဝင်ခွင့်ရ
၅။ တပွဲနိုင်ရုံဖြင့် လီဗာပူးအသင်း အကြိမ် ၂၀ မြောက် အမှတ်ပေး ချန်ပီယံ ဖြစ်မည်
အနုပညာသတင်းများ
၁။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Miss Culture International 2025 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက သနပ်ခါးကို UNESCO ဝင်အောင် ချပြသွားမယ် အလှမယ်ဝင်းရွှေရောင်
၂။ ငလျင်ကြောင့် မိဘမဲ့သွားတဲ့ ကလေးငယ်တွေအရေး စိုးရိမ်ကြောင်း ပြောဆိုလာတဲ့ ဝင်းမင်းသန်း
၃။ BLACKPINK အဖွဲဝင် ရိုစ့်နဲ့ ဂျင်းနီ နှစ်ဦးစလုံး UK Official Singles Chart စာရင်းထဲ အချိန်ကြာကြာနေရာယူနေ