
(၂၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နစက ဥက္ကဋ္ဌ ပြင်ဦးလွင်မြို၊ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် အရာရှိ၊ စစ်သည်များ၏ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှုအားပေး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်
၂။ လား ရှိး မြို သို ရောက် ရှိ လာ သော တ ရုတ် ပစ် ခတ် ရပ် စဲ မှု စောင့် ကြည့် ရေး အ ဖွဲ
၃။ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကူညီပေးသည့် သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို ရောက်ရှိလာ
၄။ ဧပြီလ တတိယပတ်အတွင်း အနောက်နှင့်အနောက်တောင်ဘက်တိုမှ တစ်နာရီမိုင်၂၀ နှုန်းခန့် လေပြင်းတိုက်ခတ်နိုင်ဟုဆို
၅။ KIA နှင့် KNDF/KNPP အဖွဲများက တပ်မတော်ဌာနချုပ်၊ လုံခြုံရေးစခန်းများအပြင် လူနေရပ်ကွက်ကိုပါ ယမန်နေ့က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
၆။ KTV နှင့် ပြည့်တန်ဆာခန်းများဖွင့်ကာ စီးပွားရှာနေသည့် မြိုင်ပကဖက ပြည်သူများ လောင်းကစားလုပ်လျင်မူ အရေးယူမည် ခြိမ်းခြောက်
၇။ အလှူလာသည့် အုပ်ချုပ်ရေးမှူးကို အလှူမဏ္ဍပ်အနီး အုတ်ဖို PDF ပစ်သတ်လိုက်ပြီး ဖုန်းနှင့်ငွေသား ပါရှိပစ္စည်းများ အကုန်လုယက်လိုက်ကြပြန်
၈။ ဧပြီလ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၃၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၄၀ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၃၉၀ ကျပ်၊ Premium Diesel – ၂၉၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အီစတာပွဲတော်ကာလ နာရီ ၃၀ ကြာ အပစ်အခတ် ရပ်ဆိုင်းရေး ကြေညာ
၂။ ယူကရိန်းသည် NATO အဖွဲဝင်ဖြစ်လာမည်မဟုတ်၊ ယင်းအကြောင်းကို ဆွေးနွေးရန်လည်း မလိုအပ်ဟု ထရမ့်၏ အထူးကိုယ်စားလှယ် ပြောကြား
၃။ ဖိလစ်ပိုင်ကမ်းလွန်တွင် ပြင်းအား ၅ ဒဿမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်
၄။ လူ ၅၀ နီးပါး သေဆုံးခဲ့တဲ့ ဘန်ကောက်မြိုက တိုက်ပြိုကျမှုအတွက် ဆောက်လုပ်ရေးတာဝန်ခံ တရုတ်အမျိုးသားကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
၅။ ထိုင်းရဆုန်ကရန်ပွဲတော်ကာလအတွင်း လူသေဆုံးမှုအထိဖြစ်ခဲ့တဲ့ ‘လာဘူဘူ’ မူးယစ်ဆေးဝါးကို မသုံးဖို ထိုင်းကျန်းမာရေးအာဏာပိုင်တွေ သတိပေးထား
၆။ စင်ကာပူနိုင်ငံ၊ ဟောင်ဂန်မှာ လူတစ်ဦးကို ဓားနဲ့ထိုးပြီး ရဲဝန်ထမ်းတွေကို ဒဏ်ရာရစေခဲ့တဲ့ ကိုယ်လုံးတီး အမျိုးသား တရားစွဲခံရ
အားကစားသတင်းများ
၁။ မြန်မာအမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ကစားမည့် YRFC အမျိုးသမီးဘောလုံးအသင်းမှ ကစားသမားများကို တရားဝင်အသိပေးလာ
၂။ ATP ဘာစီလိုနာအိုးပင်းတင်းနစ်ပြိုင်ပွဲကျင်းပ
၃။ တရုတ်နိုင်ငံမှာ လူသားတစ်ဝက်၊ စက်ရုပ်တစ်ဝက် မာရသွန်အပြေးပြိုင်ပွဲ ပထမဆုံးအကြိမ်ကျင်းပ
၄။ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်
၅။ အိမ်ကွင်းမှာ ဝုဗ်ကို ရှုးနိမ့်ခဲ့တဲ့ မန်ယူ
အနုပညာသတင်းများ
၁။ အင်းလေးဒေသ ရွာ ၃ ရွာက ဝါးအိမ်တွေ ပြန်လည်တည်ဆောက်ဖိုအတွက် ပံ့ပိုးကူညီပေးခဲ့တဲ့ အေးချမ်းမောင်၊ ဝေဖြိုးနဲ့ နေ့သစ်အေးအောင်
၂။ လူတိုင်းက တကယ်လိုအပ်ချက်တွေ ကူညီပေးနေတာမို ငလျင်ဘေးသင့်သူတွေအားလုံး အခက်အခဲတွေ အဆင်ပြေသွားကြမှာပါဆိုတဲ့ နိုင်လူ
၃။ ငလျင်ဘေးကြောင့် ပျော်ရွှင်မှုကို မေ့နေတဲ့သူမျိုးကို ပိုပြီးအလေးထား နှစ်သိမ်ပေးခဲ့ရတယ်ဆိုတဲ့ သုတအောင်