
Michael B. Jordan ရဲ့ သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ဟာ Box Office မှာ ထိပ်ဆုံးကရပ်တည်နေပါတယ်
ဒီဇာတ်ကားဟာ လက်ရှိရုံတင်နေတုန်းဖြစ်ပြီး Vampire ဇာတ်ကားတွေထဲမှာ တော်တော်လေးသွက်တယ်လို့ ချီးကျူးထားကြပါတယ်။“Sinners” ရုပ်ရှင်ကိုတော့ ဒါရိုက်တာ Ryan Coogler က ရိုက်ကူးပြီး မင်းသား Michael B. Jordan,တို့ရဲ့ R-rated အဆင့် သွေးစုပ်ဖုတ်ကောင် ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားက “A Minecraft Movie” နဲ့ အစောပိုင်းမှာ ပြိုင်ဆိုင်မှုတွေများခဲ့တယ်ဆိုပေမယ့် နောက်ဆုံးမှာတော့ Sinners ကပဲ ထိပ်ဆုံးကနေ ပြန်ဦးဆောင်သွားတာဖြစ်ပါတယ်။

“Sinners” ရုပ်ရှင်ကတော့ မြောက်အမေရိကမှာရှိတဲ့ ရုပ်ရှင်ရုံ ၃,၃၀၈ ရုံမှာ ဒေါ်လာ ၄၅.၆ မီလီယံရရှိခဲ့ပြီး ဒီ ဝင်ငွေက Jordan Peele ရဲ့ “Us” ဇာတ်ကား ပြီးရင် ဒုတိယဝင်ငွေ အများဆုံးနဲ့ ဖွင့်လှစ်ခဲ့တဲ့ မူရင်းဇာတ်လမ်းဖြစ်ပါတယ်။
Warner Bros ကတော့ “Sinners” အတွက် ဒေါ်လာ ၉၀ မီလီယံသုံးစွဲခဲ့ပြီး international box office မှာ $15.4 million ရရှိထားပြီး တစ်ကမ္ဘာလုံးဆိုင်ရာ တွက်ကြည့်ရင်တော့ $61 million ရရှိထားပြီးပါပြီ။ Warner Bros ရဲ့ ထုံးစံအတိုင်း အရင်းကျေဖို့တော့ မလွယ်လောက်ပါဘူး။
“Sinners” ရုပ်ရှင်မှာတော့ Jordan က အမွှာညီအကိုဖြစ်တဲ့ Smoke နဲ့ Stack အဖြစ်သရုပ်ဆောင်ထားပြီး ၁၉၃၀ ခုနှစ်မှာ တောင်ပိုင်းကို ပြန်လာပြီး အလုပ်လုပ်တဲ့ အချိန်မှာ သူတို့နေတဲ့ မြို့ကို သွေးစုပ်ဖုတ်ကောင်တွေရောက်လာတဲ့ အကြောင်းကို ရိုက်ပြမယ့် ဇာတ်လမ်းဖြစ်ပါတယ်။
ရုပ်ရှင်ကြည့်သူတွေရဲ့ မှတ်ချက်တွေကလည်း ကောင်းမွန်းနေပြီး ဒီဇာတ်ကားဟာ CinemaScore မှာတော့ “A” အဆင့်ရရှိထားပါတယ်။ ဒါ့အပြင် Rotten Tomatoes မှာ ၉၈% နီးပါးရရှိထားပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေရထားပါတယ်။Sinners ရုပ်ရှင်ရဲ့ ပထမဆုံးလက်မှတ်ဝယ်ယူသူ ၄၀% နီးပါးက လူမည်းများဖြစ်ပြီး ၃၅% က လူဖြူ၊ ၁၈% က Hispanic နဲ့ ၅% သည် အာရှလူမျိုးများဖြစ်တယ်လို့ သိရပါတယ်။