Captain America အသစ်အတွက် ချီးကျူးစကားပြောလိုက်တဲ့ Chris Evans

Anthony Mackie ရဲ့ Captain America: Brave New World ထွက်ပြီးနောက်မှာတော့ Chris Evans က သူ့စီကို “Good Job” ဆိုပြီး စာပို့ခဲ့ပါတယ်။

Avengers: Endgame” ပြီးတဲ့နောက်မှာတော့ Chris Evans ရဲ့ Steve Rogers နဲ့ Anthony Mackie ရဲ့ Sam Wilson တို့ နှစ်ယောက်မှာ Captain America ဖြစ်ဖို့ ဒိုင်းလွဲပြောင်းပေးခဲ့တာတွေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ Sam Wilson က ဒိုင်းကိုရခဲ့ပြီး သူ့ရဲ့ တစ်ကိုယ်တော် ရုပ်ရှင် “Captain America: Brave New World” မှာ Captain America ရဲ့ ပုံစံအသစ်ကိုချပြခဲ့ပါတယ်။

၂၀၂၅ ဖေဖော်ဝါရီ ၁၄ မှာ ရုံတင်ပြသခဲ့တဲ့ “Captain America: Brave New World” က ပရိသတ်တွေစီမှာ ဝေဖန်မှုတွေများစွာထွက်ခဲ့ပေမယ့် အရင် Captain America ဖြစ်တဲ့ Chris Evans ကတော့ အကောင်းဆုံးချီးမွမ်းစကားကို ပြောခဲ့ပါတယ်။ မကြာသေးမီက Anthony Mackie ရဲ့ ရုပ်ရှင်အပေါ်သုံးသပ်ကြတဲ့ အစီအစဥ်တစ်ခုမှာ သူက အခုထိ Chris Evans နဲ့ အဆက်အသွယ်ရှိသေးကြောင်းပြောကြားခဲ့ပါတယ်။

E! News နဲ့ အင်တာဗျူးတစ်ခုမှာတော့ Anthony Mackie က Chris Evans နဲ့ ကာလအတန်ကြာ မတွေ့ခဲ့ရပေမယ့် “Captain America: Brave New World” ထွက်ပြီးနောက်မှာတော့ အရင်က Captain America က သူ့ကို ဂုဏ်ပြုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် သူနဲ့ စကားမပြောရသေးပါဘူး။ သူက ‘Good Job’ လို့ စာတိုပို့ပြီး ရုပ်ရှင်ကို သဘောကျတယ်လို့ ပြောတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး အလုပ်များနေလို့ စကားမပြောဖြစ်ခဲ့ဘူး။ သူက ဥရောပ အလယ်ပိုင်းမှာ တစ်နေရာရာမှာ အလုပ်လုပ်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post Michael B. Jordan ရဲ့ သွေးစုပ်ဖုတ်ကောင် ရုပ်ရှင်ဟာ Box Office မှာ ထိပ်ဆုံးကရပ်တည်နေပါတယ်