မန္တလေးတောင်ခြေ စန္ဒာမုနိဘုရား ရွှေသင်္ကန်းတော် ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ရ

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတောင်ခြေ စန္ဒာမုနိဘုရားအား ရှင်းလင်းမှုများ ဆောင်ရွက်ရာ၌ အပျက်အစီးများအကြား၌ ရွှေသင်္ကန်းတော်ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း တွေ့ရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် စန္ဒာမုနိဘုရား ရှင်းလင်းဖယ်ရှားမှု ယနေ့ ဧပြီ (၂၀)ရက်၌ (၈၅ ) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဆိုသည်။ စန္ဒာမုနိဘုရားအတွင်းရှိ အပျက်အစီးများကို ရှင်းလင်းရာတွင် မန္တလေးမြို့ တော်စည်ပင်သာယာဝန်ထမ်း(၂၀၀)ဦးနှင့် တပ်မတော်သားများ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

စန္ဒာမုနိ ဘုရားကြီးသည် AD ၁၆ ရာစုက ဘုရင့်နောင်မင်းတရားကြီး စတင်တည်ထားကိုးကွယ်ခဲ့ပြီး AD ၁၉ ရာစု အစောပိုင်းတွင် ပဒုံမင်းက ပြုပြင်မွမ်းမံခဲ့ရသော ဘုရားတစ်ဆူဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုရန် စစ်ကိုင်းတိုင်းအတွက် ဘီလီယံ(၅၀)နှင့် မန္တလေးတိုင်းအတွက် ဘီလီယံ(၆၀)ကို နစက ဥက္ကဋ္ဌပေး
Next post (၂၀-၄-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်