ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌အသုံးပြုရန် စစ်ကိုင်းတိုင်းအတွက် ဘီလီယံ(၅၀)နှင့် မန္တလေးတိုင်းအတွက် ဘီလီယံ(၆၀)ကို နစက ဥက္ကဋ္ဌပေး

န္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရာ၌အသုံးပြုရန် ငွေကျပ်ဘီလီယံ(၁၁၀)အား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ပံ့ပေးအပ်ခဲ့သည်။

၎င်းမှ ငလျင်ဒဏ်ထိခိုက်မှုများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ် ဖများ၊ မန္တလေးမြို့ရှိခရိုင်အဆင့်တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအားသီးခြားစီတွေ့ဆုံစဥ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌထောက်ပံ့သည့် စစ်ကိုင်းတိုင်းဒေသကြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ(၅၀)ကိုပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် ငွေကျပ်ဘီလီယံ(၆၀)ကို ရပ်မိရပ်ဖတစ်ဦးတို့ကလက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြသည်။

တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အင်ဂျင်နီယာရှုထောင့်မှကြည့်၍ အင်ဂျင်နီယာဆိုင်ရာသတ်မှတ်ချက်များနှင့်အညီတည်ဆောက်၍ ငလျင်ဒဏ်ခံနိုင်အောင်ဆောင်ရွက်ရန် ထည့်သွင်းပြောကြားသည်။ ထို့ပြင် ပျက်စီးသွားသည့် အဟောင်းများနေရာတွင် အသစ်များဖြင့်အစားထိုးတည်ဆောက်နိုင်ရုံသာမက ယခင်ထက်ပိုမိုသာလွန်ကောင်းမွန်စွာတည်ဆောက်မည်ဟူသောစိတ်ဓာတ်ဖြင့်ဆောင်ရွက်ရမည်ဟုလည်း မှာကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ငလျင်ဘေးအလှူအဖြစ် ငွေသားသီးသန့် သိန်းခုနစ်သောင်းနဲ့ ပစ္စည်းတန်ဖိုး သိန်း ငါးထောင်ဖိုးဝန်းကျင်ကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ