သတ်မှတ်ထားတဲ့ စံနှုန်းကိုကျော်လို့ “လေပတ်ကား”ရုပ်ရှင်ဇာတ်ကား​ကြီး နှစ်ပတ် ပြသခွင့်ရ

BO BO FILM Production မှ စီစဉ်ထုတ်လုပ်တဲ့ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ် , ထက်အောင်ရှိုင်း , မေမြင့်မိုရ် , ဝေလာရီ , ခင်လှိုင် စသော အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားသော ” လေပတ်ကား ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ မြန်မာပြည်တွင်းရှိ အဆင့်မြင့် ရုပ်ရှင်ရုံများ၌ တစ်ပြိုင်တည်း ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁ရက်နေ့က ရုံတင်ပြသခဲ့တဲ့ “လေပတ်ကား” ရုပ်ရှင်ဇာတ်ကား ပရိသတ် ကြည့်ရှု့အားပေးမှုတွေကြောင့် သတ်မှတ်ထားတဲ့ စံချိန်တင်ပြီး ၂ ပတ် ဆက်တိုက်ရုံတင်ရရှိခဲ့တယ်လို့ Bo Bo Film Production CEO ကိုဘိုဘိုစန်းက သူ၏ လူမှုကွန်ယက်ကနေ အခုလို မျှဝေထားပါတယ်။

“သတ်မှတ်ထားတဲ့ စံနှုန်းကိုကျော်လို့ “လေပတ်ကား”ရုပ်ရှင်ဇာတ်ကား​ကြီး နှစ်ပတ် ပြသခွင့်ရတဲ့ အတွက် ဇာတ်ကားမှာ ပါဝင်တဲ့အလွှာအသီးသီးက အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် ကြည့်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းနဲ့ Facebook မှာလည်း support လုပ်ပေးကြတဲ့ အသိမိတ်ဆွေတွေ အားလုံးလည်း ကျေးဇူးတင်ပါတယ် အားလုံးကိုမုန့်ကျွေးမယ် ” ဟုဆိုကာ လူမှုကွန်ယက်ကနေ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန် ရန်ကင်းမြို့ရှိ ရေမြောင်းထဲမှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့
Next post ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar အား လက်ခံတွေ့ဆုံ