![](https://mmdbnchannel.com/wp-content/uploads/2025/02/photo_2025-02-06_10-29-19.jpg)
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲအား ရန်ကုန်မြို့ ဥက္ကလာဂေါက်ကွင်း၌ သုံးရက်ကြာ ကျင်းပပြုလုပ်မည်
![](https://mmdbnchannel.com/wp-content/uploads/2025/02/photo_2025-02-06_10-29-15-1024x682.jpg)
ဖေဖော်ဝါရီလ ၆ ရက်
Burmese Golf (BG) မှ အဓိကကူညီပံ့ပိုးသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ၏ Junior အဆင့်နှင့် ဝါသနာရှင်အဆင့် အမျိုးသမီး (Amateur) ပြိုင်ပွဲများ၏ ဖွင့်ပွဲကို ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့က ရန်ကုန်မြို ဥက္ကလာဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။
![](https://mmdbnchannel.com/wp-content/uploads/2025/02/photo_2025-02-06_10-29-23-1024x682.jpg)
အဆိုပါပြိုင်ပွဲများကို မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ်မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မျိုးဆက်သစ် ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။
![](https://mmdbnchannel.com/wp-content/uploads/2025/02/photo_2025-02-06_10-29-26.jpg)
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေး၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကိုကိုချစ်နှင့် ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးအောင်ကိုဇော်၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲချုပ် ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်မောင်ဝင်း၊ Junior Golf Myanmar (JGM) အတွင်းရေးမှူး ဦးကျော်မင်းမင်းလတ်တိုက အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
![](https://mmdbnchannel.com/wp-content/uploads/2025/02/photo_2025-02-06_10-29-29-1024x682.jpg)
ပြိုင်ပွဲကို ရန်ကုန်မြို ဥက္ကလာဂေါက်ကွင်း၌ ဖေဖော်ဝါရီလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး Tour Pro နှင့် Senior Pro အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့မှ (၂၀)ရက်နေ့အထိ မြိုတော်ဂေါက်ကွင်း(ငွေသော်တာ)၌လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ရန်ကုန်ဂေါက်ကလပ် (တညင်းကုန်း)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဟု သိရပါတယ်။