၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်နေ
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ခမ်းနားထည်ဝါစွာကျင်းပနိုင်ရေး နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန-၁ ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေ မှုများကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဝင်မုခ်ဦး၊ Photo Booth ၊ Interview Booth ၊ ဂုဏ်ပြုခံလျှောက်လမ်း (Red Carpet) နေရာများ၊အခမ်းအနား ကျင်းပမည့် ကျောက်စိမ်းခန်းမ၌ အကယ်ဒမီဆုပေးပွဲစင်မြင့်တည်ဆောက်နေမှု၊ အသံစနစ်နှင့် မီးစနစ်များ တပ်ဆင်ပြီးစီးမှု ၊ Stage LED Screen နှင့် LED ဘုတ်များ တပ်ဆင်မည့် နေရာများ၊နေရာ ထိုင်ခင်းများနှင့် မီဒီယာဇုန်သတ်မှတ်ထားသည့်နေရာများ ပြင်ဆင်ဆောင်ရွက်နေမှု တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ အသံပိုင်းနှင့် မီးပိုင်း ဆိုင်ရာကိစ္စရပ်များ လစ်ဟာမှု မရှိအောင် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အခမ်းအနား အစီအစဉ်များအလိုက် စနစ်တကျ ဖြစ်စေရေး ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ရန် မှာကြားသည်။
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ ၌ ခမ်းနား ထည်ဝါစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။