Water Wave World မော်လမြိုင်မှာ Anonimus အတူ ဖျော်ဖြေခဲ့သော DJ Moon

မင်္ဂလာပါ DBN ပရိသတ်ကြီးရေ….လမင်းကဗျာ (DJ Moon) ကတော့ သရုပ်ဆောင်လုပ်ရင်းနဲ့ DJ ဖျော်ဖြေတဲ့ အလုပ်ကို ကူးပြောင်းပြီး လုပ်ကိုင်သော အနုပညာရှင်တစ်ယောက်ဆိုတာ သိရှိပြီးသား ဖြစ်ပါတယ်။ လက်တလောမှာလည်း cover song သီချင်းတွေ သီဆိုပြီး အားပေးမှုကို ရရှိနေသလို စီးပွားရေးအလုပ်ကိုလဲ လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဒီနေ့မှာ ချစ်သော မော်လမြိုင်ပရိသတ်တွေ လမင်းလေးလာပြီးဆိုပြီး လူမှုကွန်ယက်ကနေ ဖော်ပြပြီး water wave world (ရေလှိုင်းကမ္ဘာ)မှာ Anonimus ၊ အောင်ကျော်ဇင် ၊ ဖြူဇင်တို့နှင့်အတူ ဖျော်ဖြေပို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ လမင်းကဗျာကတော့ DJ ဖျော်ဖြေနေရင်း တက်သစ်စ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Anonimus နဲ့အတူပါ စင်ပေါ်မှာ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

လမင်းကဗျာကတော့ မော်လမြိုင် Water Wave World ပွဲလေး အောင်မြင်စွားပီးဆုံးသွားပါပီ လာရောက်အားပေးကြတဲ့ အချစ်လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော် အမှတ်တရလေး တစ်ခုပါပဲ လို့ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားဖော်ပြ ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြဝတီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးများအတွက် ထောက်ပံ့ကြေး ပေးအပ်
Next post လဝကနှင့် UNFPA တို့ကြား မြန်မာနိုင်ငံ၏လူဦးရေ နှင့်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာများတွင် ဆက်၍ ပူးပေါင်းဆောင်ရွက်သွား မည်