ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်

ကချင်ပြည်နယ်အတွင်း စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ သ ဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအ တွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဟု ပြော သည်။

ထို့ကြောင့် သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်း၍ မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေး မူဘောင်များချမှတ်ဆောင်ရွက်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအ တွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးတို့ကို အလေးထားလုပ်ဆောင်ကြရမည်ဟု မှာကြားသည်။

ထို့ပြင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီး ပွားရေး(MSME)လုပ်ငန်းများအောင်မြင်စေရန် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ကုန်ကြမ်းပ စ္စည်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် နည်းပညာပိုင်းဆိုင်ရာများကို ဟန်ချက်ညီညီ ပြည့်စုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရန် အလေးထားဆောင် ရွက်ကြရမည်ဟု တိုက်တွန်း မှာကြားသည်။

ထို့အတူ နစက ဥက္ကဋ္ဌမှ ယနေ့အချိန်အခါသည် နစက မှ နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုး တိုးတက်အောင် ဆောင် ရွက်နေသောကာလဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေးတို့အတွက် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ကာကွယ် စောင့်ရှောက်လျက်ရှိပြီး နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင် ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

ထို့ပြင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအား လုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာ ဂတ်ကိုရည်မှန်းလျက် ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသား ပြည်သူများနှင့် လက်တွဲပြီးအောင်မြင်အောင်ဆက်လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျော်ဟိန်းရဲ့ နှစ်ပေါင်း ၄၀ ကျော်က “လူသားအသည်းနှလုံးနဲ့ ကျွန်တော်” သီချင်းကို Rap စာသားတွေပေါင်းထည့် ထွက်ရှိ လိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
Next post (၁၀-၁-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ