ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေး အဖွဲ့များကို ဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းမှ ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအ ဖြစ်ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအ မတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေး အဖွဲ့များဖိတ်ခေါ် သွားမည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် မြန်မာ-အီရန်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ အပြန်အလှန် ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်နိုင်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ယဉ်ကျေးမှုများအပြန်အလှန်ဖလှယ်ရေး၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့တက်ရောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ၂၀၂၅ မှာ ဝင်ငွေရရှိမှု အားကောင်းနေတဲ့ Disney ရဲ့ Mufasa: The Lion King