(၁၁-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၁-၁၂-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သည် တည်ငြိမ်အေးချမ်းမှုကိုဖော်ထုတ်ပြသသည့် ပွဲတော်ကြီးဖြစ်ဟု နစက ဥက္ကဋ္ဌပြော
၂။ တာဝန်ပြီးဆုံးတော့မည့် ICRC ၏ ဌာနေကိုယ်စားလှယ်နှင့် ၎င်းနေရာတွင် ဝင်ရောက်မည့် ဌာနေကိုယ်စားလှယ်အသစ်တိုကို ကျန်းမာရေးဝန်ကြီး လက်ခံတွေ့ဆုံ
၃။ ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” အား Website နှင့် Mobile Application တိုတွင် ဘာသာစကား (၅) မျိုးဖြင့် လေ့လာဖတ်ရှုနိုင်မည်
၄။ မန္တလေးဈေးချိုတစ်ဝိုက်တွင် ဘိုးမင်းခေါင်၏ ခိုင်းစေမှုကြောင့်ဟု ပြောဆိုအလှူခံသည့်အဖွဲကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး ထပ်မံအလှူမခံရန် တားမြစ်
၅။ ငြိမ်းချမ်းရေးသည်သာ အဓိကဖြစ်ခြင်းကြောင့် UWSA အနေဖြင့် ငြိမ်းချမ်းရေးကိုသာ လိုလားဟု အသိပေးထုတ်ပြန်လာ
၆။ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ကိုးကန့်တရုတ် MNDAA ရဲ့တပ်ကား မီးလောင်ပေါက်ကွဲလို ၅ ဦးသေဆုံးပြီး တစ်ဦးပြင်းထန် ဒဏ်ရာရ
၇။ PDF ခုနစ်ဦးက မေရီမြင့် စက်သုံးဆီဆိုင်ပိုင်ရှင်အမျိုးသမီးနှင့် အိမ်အကူအမျိုးသမီးကို သတ်ဖြတ်ပြီး ကျပ်သိန်း ၇၀၀ ခန့် လုယက်
၈။ ဒီဇင်ဘာလ ၁၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၁၅,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၆၅ ကျပ်၊ Octane 95 – ၃၁၈၀ ကျပ်၊ Diesel – ၂၆၃၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းသမ္မတ ဇယ်လန်စကီးအား အပစ်အခတ်ရပ်ဆိုင်းရေး အမြန်ပြုလုပ်ရန်နှင့် စိတ်ကူးယဉ်အရူးထမှုကို ရပ်တန့်ရန်ပြော
၂။ အစ္စရေးတပ်ဖွဲများက ဆီးရီးယားမြိုတော် ဒမတ်စကပ်၏ အစွန်အဖျားဒေသများအထိ ရောက်ရှိလာ
၃။ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေမြင့်တက်နေစဉ် အမေရိကန်က ဖိလစ်ပိုင်ကို A-10 Warthog တိုက်လေယာဉ်တွေ စေလွှတ်
၄။ ဆီးရီးယားသမ္မတအားဖြုတ်ချခဲ့သည် HTS ခေါင်းဆောင် အယ်လ်ဂျိုလာနီသည် ISIS နှင့်ဆက်နွှယ်ပြီး ၎င်းကို ၂၀၁၇ ခုနှစ်ကတည်းက အမေရိကန်က ဒေါ်လာ ၁၀ သန်းဖြင့် ဝရမ်းထုတ်ထား
၅။ အာဆတ်အလွန် ဆီးရီးယားအရေး မိတ်ဖက်အဖွဲအစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို အမေရိကန်ပြော
၆။ တောင်ကိုရီးယားသမ္မတကို ပြည်ပနိုင်ငံထွက်ခွာခွင့် ပိတ်ပင်ထား
အားကစားသတင်းများ
၁။ ယခုအချိန်တွင် နိုင်ငံ၏အားကစား အဆင့်အတန်း ပြန်လည်ဦးမော့လာခဲ့သလို တိုးတတ်အောင်မြင်မှု အထိုက်အလျောက်ရရှိနေပြီဟု နစက ဥက္ကဋ္ဌ ပြောကြား
၂။ အဝေးကွင်းကစားရမယ့် ဖိလစ်ပိုင်နဲ့ပွဲအတွက် အသေအချာပြင်ဆင်မယ်လို ဦးမျိုးလှိင်ဝင်း ပြော
၃။ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် စစ်ဖြစ်ပွားနေပြီး ပြည်တွင်းရေးမတည်ငြိမ်သောနိုင်ငံလေးခု သီးသန့်ဆုံတွေ့နေ
၄။ UFC မှာ Ranking ဝင်ပြီး အမြင့်ပျံတဲ့ အကြောက်တရားမဲ့ မြန်မာ Joshua Van
၅။ အင်တာမီလန် အသင်း နဲ့ ပွဲစဉ်မှာ ကွင်းအတွင်းလဲကျခဲ့ ဖီအိုရင်တီးနား အသင်းရဲ့ ကွင်းလယ်လူ အီဒိုအာဒို ဘော့ဗ် ဟာ နှလုံးခုန် စက် ICD တပ်ဆင်ရမှာဖြစ်
အနုပညာသတင်းများ
၁။ သဲစုညိမ်း၊ မီးမီးနဲ့ ထူးအံ့လွင် ပါဝင်သရုပ်ဆောင်ကြမယ့် 1994 ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲပေး အကြိုမိတ်ဆက်
၂။ စာပေဗိမာန်စာမူဆုရဝတ္ထု “လှိင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး
၃။ ဝတ်မှုန်ရွှေရည်ကို ပြောမိတဲ့စကားလုံးတွေကြောင့် အကြိမ်ကြိမ်ပြန်တောင်းပန်မိတယ်ဆိုတဲ့ စည်ဖြိုး