မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုဖြစ်စဉ် နှင့် ပတ်သက်၍ အသိပေးချက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါသည်။ တာဝန်ရှိသူလုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်၏ ခေါင်မိုးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထိုပေါက်ကွဲ မှုကြောင့် ခေါင်မိုးရေတံလျှောက်အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေခန့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး လူနှင့်အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းအား စိစစ်လျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့်လည်း ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာဝေဖန်ရှုတ်ချလျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုကျူးလွန်ခဲ့သော အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်ပရိသတ်အတွက် လက်ထပ်ကြမယ်ဆိုတဲ့ မင်္ဂလာလက်ဖွဲ့ သီချင်းလေး ပေးလိုက်တယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
Next post (၂၀-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်