(၁၈-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၈-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ြည်တွင်းသတင်းများ

၁။ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော် ဒီနေ့မှာ ရွှေတိဂုံစေတီတော်သို လာရောက်ဖူးမြော်သူများပြား

၂။ ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် တက်ရောက်ရန် မြန်မာနိုင်ငံတော် သံဃမဟာနာယကအဖွဲ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ ထွက်ခွာ

၃။ သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများအား နိုဝင်ဘာလကုန်အထိ တိုးမြှင့်ကောက်ယူသွားမည်

၄။ ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်

၅။ လက်နက်ကိုင်အဖွဲများက ကျန်းမာရေးဝန်ထမ်းများကို တပ်မတော်နှင့် မပူးပေါင်းရန် သတိပေးခြိမ်းခြောက်ခြင်းများရှိခဲ့ဟု SHCC ထုတ်ပြန်ချက်တွင် ဖော်ပြ

၆။ ချင်းလက်နက်ကိုင်များကို ထောက်ပံ့မှုဖြင့် ပလက်ဝမှချင်းပြည်သူများကို ရခိုင်လက်နက်ကိုင် AA ဖမ်းဆီးထားမှု လူ ၄၀ ကျော် ရှိလာ

၇။ AA က အမ်း-ပဒါန်း ဆက်သွယ်ရာ လမ်းကြောင်းပေါ်တွင် အရပ်သားမော်တော်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့သလို ၃၈ ဦးကိုပါ အဓမ္မဖမ်းဆီခေါ်ဆောင်သွား

၈။ အောက်တိုဘာလ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၂၄,၈၂၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မိမိတိုနိုင်ငံကို ဒုံးကျည်ဖြင့် လာရောက်တိုက်ခိုက်သည့် အီရန်ကို မကြာမီရက်ပိုင်းအတွင်းလက်တုံပြန်နိုင်ဖွယ်ရှိကြောင်း အစ္စရေးအရာရှိများကို ကိုးကား၍ ဝါရှင်တန်ပိုစ်သတင်းစာက သတင်း ရေးသား ဖော်ပြခဲ့

၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအား ဖမ်းဝရမ်းထုတ်

၃။ ထိုင်းနိုင်ငံတွင် 6G နည်းပညာတိုးတက်ရန် ဂြိုဟ်တုပစ်လွှတ်ရေးစခန်းတစ်ခု အစပျိုးတည်ဆောက်နိုင်ဖို ထိုင်းဝန်ကြီးချုပ်က တရုတ်နိုင်ငံအားဖိတ်ခေါ်

၄။ ယူကရိန်းကို အမေရိကန်နိုင်ငံထုတ် M1A1 Abrams အမျိုးအစားတင့်ကား အစီးရေ (၅ဝ) နီးပါး ကူညီပေးမယ်လို သြစတြေးလျအစိုးရပြော

၅။ တရုတ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်နက်ကြီးတွေနဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်။

၆။ အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲရဲ့ မြေအောက်စစ်လက်နက်ပစ္စည်းသိုလှောင်ရုံတွေကို B-2 ဗုံးကြဲလေယာဉ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်

အားကစားသတင်းများ

၁။ ပြည်တွင်း ပြည်ပ ပြိုင်ပွဲ (၂)ခုကို ယှဉ်ပြိုင်ရမည့် ရှမ်းယူနိုက်တက်အသင်း ဂျပန် ကွင်းလယ်ကစားသမား ဟီရိုတာယူရီကို ထပ်မံ ခေါ်ယူ

၂။ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(D)၌ ကျရောက်

၃။ မြန်မာ့ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံး ပရိုလိုင်စင်ရ အမျိုးသမီးနည်းပြဖြစ်လာမည့် ဒေါ်စန်းစန်းသိန်း

၄။ ရှမ်းယူနိုက်တက်အသင်းသည် ဂျပန်ကွင်းလယ်လူ ဟီရိုတာ ယူရီ ကို ထပ်မံခေါ်ယူ

၅။ ပြင်သစ်အာဏာပိုင်များဟာ PSV ပရိသတ်များကို အခုလအတွင်းမှာ ယှဉ်ပြိုင်ရမယ့် PSG အသင်းနဲံ ချန်ပီယံလိဂ်ပွဲစဉ်ကို ဝင်ရောက်ကြည့်ရှုခွင့်ပိတ်ပင်

အနုပညာသတင်းများ

၁။ သီတင်းကျွတ်ဆို လူကြီးတွေလိုက်ကန်တော့တာ Budgets အရမ်းကောင်းတာ တစ်နှစ်စာဖူလုံတယ်ဆိုတဲ့ နန်းဆုရတီစိုး

၂။ ဒါရိုက်တာစင်ရော်မောင်မောင် ရဲ့ မွေးနေ့ ပွဲ ကိုအောက်တိုဘာလ (၁၇)ရက် ၊ မနက်ပိုင်းက သူ့ရဲ့နေအိမ်မှာပြုလုပ်သွားခဲ့

၃။ အချစ်မရှိရင် လူတွေက သိပ်မနုပျိုသလိုပဲဆိုတဲ့ သင်းသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post One Direction အဖွဲ့ဝင်ဟောင်း ဗြိတိသျှအဆိုတော် လီယန်ပိန်း အာဂျင်တီးနား၌ ဟိုတယ်ပေါ်မှ ပြုတ်ကျခဲ့ပြီး သေဆုံး
Next post သီတင်းကျွတ်ကာလတွင် အဝေးပြေးယာဉ်လိုင်း (၂၀၀) ကျော် ပြေးဆွဲပေးနေ