(၁၂-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၂-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကိုလိုလားပြီး အာဆီယံပဋိညာဉ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

၂။ အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ ထောက်ခံမှုနှင့်အတူ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း လက်ခံကျင်းပမည်ဟု ထိုင်းအစိုးရပြော

၃။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်နေတဲ့ အာဆီယံ – အမေရိကန်အစည်းအဝေးကို နစက အစိုးရအဖွဲကိုယ်စားလှယ်ပါ တက်ရောက်နေ

၄။ နိုင်ငံခြားငွေလဲကောင်တာများ ဗဟိုဘဏ်၏ FX Trading rate အတိုင်း ဝယ်ယူရောင်းချကြရန် ညွှန်ကြားထား

၅။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO)(NCA-S) ကို ဗိုလ်မှူကြီးခွန်ဥက္ကာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပြင်ဆင်ဖွဲစည်း

၆။ မြန်မာနိုင်ငံက စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ဖွင့်လှစ်ထားသည့်အတွက် ကြားဝင်စေ့စပ် ဆွေးနွေးသောနိုင်ငံအဖြစ် ပါဝင်ရန် လိုလားဆန္ဒရှိနေဟု မလေးရှားအစိုးရ ပြော

၇။ အကြမ်းဖက်အဖွဲဖြစ်လာပြီး တရုတ်နဲ့နီးစပ်တဲ့ MNDAA က အမေရိကန်၊ အာဆီယံနဲ့ အနောက်နိုင်ငံတွေကို ခရီးမထွက်ဖို သူ့တပ်ဖွဲဝင်တွေသူ တားမြစ်

၈။ အောက်တိုဘာလ ၁၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၅၆,၈၃၉ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံ လိမ်လည်မှုဖြင့် တရုတ်နိုင်ငံက ဖမ်းဆီးရန် အလိုရှိနေသည့် တရုတ်နိုင်ငံသားတစ်ဦးကို အင်ဒိုနီးရှားအာဏာပိုင်များ ဖမ်းဆီး

၂။ အစ္စရေးကို ထောက်ပံ့ကူညီတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို လက်တုံပြန်တိုက်ခိုက်သွားမယ်လို အီရန်ခြိမ်းခြောက်

၃။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ ထိုင်းနိုင်ငံတစ်‌နေရာရပြီ

၄။ အီရန်ရေနံချက်စက်ရုံတွေကို မတိုက်ခိုက်ရေး အစ္စရေးကို ဖျောင်းဖျပေးဖို အမေရိကန်ကို ပင်လယ်ကွေ့နိုင်ငံ တွေ ဝိုင်းဝန်းတောင်းဆို

၅။ အမေရိကန်သမ္မတဟောင်းအိုဘားမား ကမ္မလာဟားရစ်အတွက် မဲဆွယ်စည်းရုံး

၆။ တရုတ်ကကျူးကျော်လာရင် ပြန်လည်ခုခံတိုက်ခိုက်မယ်လို ထိုင်ဝမ်နိုင်ငံသားအများစု ဖြေဆို

အားကစားသတင်းများ

၁။ မြန်မာ့လက်ရွေးစင် ယူ-၁၆ ကစားသမားလူငယ်များ ပထမနှစ်ဝက် စာမေးပွဲ ဝင်ရောက်ဖြေဆို

၂။ အာဆင်နယ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဘူကာယို ဆာကာ အင်္ဂလန် နဲ့ ဂရိအသင်းတို ယှဉ်ပြိုင်ကစားခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ် အတွင်း ညာဖက်ခြေထောက် ဒဏ်ရာရရှိခဲ့

၃။ ရိုးရာဖိုက်တာ သန့်ဇင်၏ဆန္ဒကိုဖြည့်ဆည်းပေးသည့်အနေဖြင့် ဂျပန်ဖိုက်တာ တာကဲရု မြန်မာ့ရေဘေးအတွက် အလှူငွေ လှူဒါန်းမည်

၄။ NBA ချန်ပီယံဆုကို ၃ ကြိမ် ရယူထားတဲ့ ဒန်နီ ဂရင်းဟာ ကစားသမားဘဝကနေ တရားဝင်အနားယူတော့မှာဖြစ်

၅။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ်ဟာ ဘောလုံးလောကကို နည်းပြအဖြစ် တစ်နှစ်လောက်ပြန်လာမှာမဟုတ်ဘူးလို ပြောကြား

အနုပညာသတင်းများ

၁။ ၁၀၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ ဝါရင့်အနုပညာရှင်အတတ်ပညာရှင် ၁၃၉ ဦးအား ကန်တော့ကြမည်

၂။ ရိုက်ပေါက်ဆိုတဲ့အတိုင်း လူမြင်ရင်ပြေးထိုးချင်စရာကောင်းအောင်ကို သရုပ်ဆောင်မှာပါဆိုတဲ့ ရှင်မွေလ

၃။ ဟာရီကိန်းမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ပေးရန်အတွက် အမေရိကန်ဒေါ်လာ (၅)သန်း လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာရေတပ်နှင့် အာဆီယံရေတပ်များကြား ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေး
Next post ဟာရီကိန်းမုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို ထောက်ပံ့ ပေးရန်အတွက် အမေရိကန်ဒေါ်လာ (၅)သန်း လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်