(၁၇-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၇-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် နှင့်ဇနီးဒေါ်ကြူကြူလှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို တက်ရောက်ကြည့်ရှုအားပေး

၂။ ရွှေတိဂုံစေတီတော်မှာ ဆီမီးတစ်သောင်းပူဇော်ပွဲ ဒီနေ့စတင်ကျင်းပ

၃။ ဝန်ကြီးများရုံးမှာ ဒီနေ့ကစပြီး သီတင်းကျွတ်ဈေးရောင်းပွဲတော် သုံးရက်တိုင်တိုင် ကျင်းပနေ

၄။ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya အားသွားရောက်တွေ့ဆုံ

၅။ နှစ်စဉ် ကျင်းပသည့် ကျောက်ဆည်မြို ဆင်လှူပွဲတော် ရိုးရာမပျက် ကျင်းပ

၆။ “ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စုစိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ

၇။ NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ

၈။ အောက်တိုဘာလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၂၄,၈၂၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ သီရိလင်္ကာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်နေသော တရုတ်လူမျိုး ၂၃၀ ကျော်ကို ဖမ်းမိ

၂။ အီလွန်မတ်စ်က ထရန့်ကိုထောက်ခံအဖွဲကို ဒေါ်လာ ၇၅ သန်း ပေး

၃။ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိပေးချက်တစ်ခုကို အီရန်ထုတ်ပြန်

၄။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး

၅။ ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို တရုတ်အစိုးရသတင်းထုတ်ပြန်

၆။ အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်

အားကစားသတင်းများ

၁။ ကမ္ဘာ့အဆင့် (၂)ဆင့် မြင့်တက်လာသည့် မြန်မာ့လက်ရွေးစင်အသင်း

၂။ ရက်ပိုင်းသာလိုတော့သည့် မြန်မာ-ဟောင်ကောင် ခြေစမ်းပွဲအတွက် မြန်မာအမျိုးသမီးအသင်း ဆက်တိုက် လေ့ကျင်နေ

၃။ LUI Muay Thai ပွဲစဉ်အတွင်း ထွန်းမင်းနိုင် ဒိုင်ပေးမှတ်ဖြင့် အနိုင်ရ

၄။ မက်ဆီ ဟက်ထရစ်သွင်းခဲ့ပြီး ခြေစစ်ပွဲမှာ ဂိုးပြတ်နိုင်တဲ့ အာဂျင်တီးနား

၅။ ပြင်သစ်နဲ့ ရီးရဲ အသင်း တိုက်စစ်မှူးဖြစ်သူ ကိုင်လီ အမ်ဘတ်ပီ ကိုစွဲဆိုထားတဲ့ လိင်ပိုင်း ဆိုင်ရာကျူးလွန်မှုစွပ်စွဲချက်များဟာ လွဲမှားနေပြီး ကောလဟာလဖြန့်ဝေခြင်းတစ်ခုသာဖြစ်ကြောင်း ကစားသမားရဲ့ ကိုယ်စားလှယ်များကပြောကြားခဲ့

အနုပညာသတင်းများ

၁။ ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ဈေးရောင်းပွဲတော်နဲ့ တေးဂီတပျော်ဖြေပွဲတွေကို ဒီနေ့ကစပြီး သုံးရက်တိုင်တိုင် ကျင်းပနေ

၂။ Slinnar က သေးသေးလေးနဲ့ ဆိုင်ကယ်စီးနိုင်တာ အားကျပေမယ့် ကိုယ်တိုင်ဆိုင်ကယ်စီးဖိုတော့ သတ္တိသိပ်မရှိဘူးဆိုတဲ့ မေမြင့်မိုရ်

၃။ “သူ့ကိုမှ ချစ်မိသည်” ဇာတ်လမ်းတွဲမှာ မြိုသိပ်ထားရတဲ့ အချစ်၊ ဖြူစင်တဲ့အချစ်တွေရှိနေတဲ့ ခွန်သာမြတ်သူဇာတ်ရုပ်နဲ့ပါဝင်ထားတယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “သူ့ကိုမှ ချစ်မိသည်” ဇာတ်လမ်းတွဲမှာ မြိုသိပ်ထားရတဲ့ အချစ်၊ ဖြူစင်တဲ့အချစ်တွေရှိနေတဲ့ ခွန်သာမြတ်သူဇာတ်ရုပ်နဲ့ ပါဝင်ထားတယ်ဆိုတဲ့ ချမ်းမင်းရဲထွဋ်
Next post (၁၇-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ