မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်တွင် ဆီမီး တစ်ထောင်ပူဇော်ပွဲ ကျင်းပမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်တွင် တည်ထားကိုးကွယ်သော ဓမ္မသုခ ရွှေစည်းခုံစေတီတော်တွင် ဒသမအကြိမ်မြောက် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို သုံးရက်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဓမ္မသုခရွှေစည်းခုံစေတီတော်ကို ၂ဝ၁၅ ခုနှစ်မှာတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို ကျင်းပခဲ့ရာ ယခုနှစ်တွင် ဒသမအကြိမ်မြောက် ကျင်းပမှာဖြစ်ပြီး သီတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ အထိ ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း အဆိုပါ‌စေတီတော်ဂေါပကအဖွဲ့ မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၃-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်