ရန်ကုန်တိရစ္ဆာန်ဥယျာဥ်တွင် သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို ၅ ရက်တိုင် ကျင်းပမည်

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ (၁၆)ရက်မှ စတင်ပြီး (၂၀)ရက်အထိ (၅)ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“တူရွှင်နွှဲပျော် သီတင်းကျွတ်စျေးရောင်းပွဲတော်”ကာလအတွင်း လာရောက် လည်ပတ်ကြသူများအတွက် ကျောင်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ရောင်းချပေးမည့် ဆိုင်ခန်းများစွာပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲတော်ရက်များတွင် Glamorizze ၏ mobile market volume II နှင့် Glory Talents & Models Agency ၏ အဆိုရှင်ပေါင်းများစွာ ပါဝင်အားဖြည့် ဖျော်ဖြေမှုများ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ စျေးပွဲတော်အတွင်း Promotion Booth, Food Stall ဆိုင်ခန်းများနှင့်ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက ဖုန်း – 09406669990, 09798515 854 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်ဟုလည်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မွေးတည်းက သူ့ကို ထမင်းကျွေးလာတဲ့ အကောက်ခွန်ဌာနကို ကျေးဇူးဆပ်ခွင့်ရခဲ့တဲ့ စည်သူမောင်