၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်း စာရင်း ကောက်ယူရာတွင် ထပ်ခြင်း၊ ကျန်ခြင်း မရှိအောင် ဆောင်ရွက်လျက်ရှိ

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကို အောက်တိုဘာလ ၁ ရက် နေ့က စတင်၍ စာရင်းကောက်ယူလျက်ရှိရာ ယင်းနေ့ညနေပိုင်းအထိ ဆာဗာသို့ ပေးပို့လာသောအချက်အလက်များအရ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အားလုံး၌ အိမ်ထောင်စုပေါင်း (၈၈,၀၀၀) ကျော်နဲ့ လူဦးရေပေါင်း (၃၉၀,၀၀၀) ကျော်ကို စာရင်းကောက် ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စာရင်းကောက်ယူရန် ကျန်ရှိနေသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ကောက်ယူသွားမည် ဖြစ်ပြီး စာရင်းကောက် ယူမည့်ရက်ကိုလည်း ကြိုတင်ပြီးအကြောင်းကြားပေးမည် ဖြစ်သည်။ မထပ်မကျန်အောင် စာရင်းကောက်ကွက်များ ဖွဲ့စည်းပြီး စာရင်းစစ်၊ စာရင်းကောက်များကို မြေပုံနှင့်တကွ တာဝန်ပေးအပ်ထား သည့်အတွက် ကျန်ရှိ အခွင့်အလမ်း နည်းပါးမည် ဖြစ်သည်။ ကျန်ရှိခဲ့သော် ပြည်သူလူထုအနေနှင့် မိမိတို့နေအိမ်ကို သန်းခေါင်စာရင်း လာရောက် မကောက်ယူ ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နယ် သန်းခေါင်စာရင်း ကော်မတီများသို့ ဆက်သွယ်သတင်းပေးပို့ပါက လာရောက် စာရင်းကောက်ယူပေးသွားမည်ဖြစ်သည်။ ထို့ပြင် Hotline ဖုန်းနံပါတ်များ ဖြစ်သည် ၀၆၇၄၃၁၀၆၄၊ ၀၆၇၄၁၅၃၉ နှင့် ၀၆၇၄၃၁၅၄၂ တို့ကိုလည်း ဆက်သွယ်ပြီး သန်းခေါင်စာရင်း လာရောက် ကောက်ယူရန် အကြောင်းကြားနိုင်ပါသည်။

စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် စာရင်းစစ်၊ စာရင်းကောက်များ၊ ဘေးကင်းလုံခြုံစွာ စာရင်းကောက်ယူနိုင်ရန်အတွက် လုံခြုံရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ လုံခြုံရေး ကန့်သတ်ချက်ရှိသည့် မြို့နယ်အချို့ကိုလည်း လုံခြုံရေးအစီအမံများနှင့် ရက်တိုးမြှင့်ပြီး စာရင်းကောက်ယူသွားမည် ဖြစ်သည်။ ထို့ကြောင့် စာရင်းစစ်၊ စာရင်းကောက်များ၊ ပြည်သူလူထုအနေနဲ့ ခုအနေနဲ့ စိုးရိမ်ကြောင့်ကြမှု စိုးရိမ်မရှိဘဲ သန်းခေါင်စာရင်း တွင် ပူးပေါင်းပါဝင်ကြပါရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နှိုးဆော်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ကမ္ဘာအေးဘုရားလမ်းပေါ်က ဓာတ်တိုင်တွေပြိုလဲကျပြီး ခရီးသည်တင်ကားနဲ့ အိမ်စီးကားအချို့ထိခိုက်