(၂၃-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၃-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးမှ လှူဒါန်းမှု ပစ္စည်းနှင့် အလှူငွေ စုစုပေါင်း ကျပ်သန်း (၈၀၀) ကျော်၊ မန္တလေးတိုင်းနှင့်မွန်ပြည်နယ်တိုမှ ငွေကျပ်သိန်း(၁)သောင်းကျော်နှင့် ကရင်ပြည်နယ်မှ ကျပ်သိန်း(၈)ထောင်ကျော်ရရှိ

၂။ တရုတ် – အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်း (၈၄) ခန်းပြသမည်

၃။ ၂၀၂၅ ပညာသင်နှစ် ဘွဲလွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ကျင်းပစစ်ဆေးမည့်ရက်ကို အောက်တိုဘာ (၂၂) နှင့် (၂၃) ရက်သို ပြောင်းရွှေ့သတ်မှတ်

၄။ ယနေ့မှစ၍ စားအုန်းဆီ အိမ်အရောက်ပိုသည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပိုဆောင်ခ အနည်းငယ် ပြောင်းလဲမည်

၅။ ပေါင်းလောင်း ရေလှောင်တမံနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ရှင်းလင်းထုတ်ပြန်

၆။ ထိုင်းနိုင်ငံ၌ တရားမဝင် အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်၏ ၁၀၆ ရက်မြောက်တွင်မြန်မာလုပ်သား နှစ်သိန်းနီးပါး ဖမ်းဆီးခံရ

၇။ စလင်းမြိုနယ် ရှားတောကျေးရွာအနီးတွင် PDF များက ရာအိမ်မှူးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

၈။ စက်တင်ဘာလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၁၆,၀၁၂ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၆၀ ကျပ်၊ Octane 95 – ၃၂၁၅ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၂၃၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဘေရွတ်သိုပျံသန်းမည့် အီရန်လေကြောင်းလိုင်း လေယာဉ်များတွင် ပေဂျာနှင့် ဝေါ်ကီတော်ကီများ ယူဆောင်ခြင်းမပြုရ

၂။ မြန်မာဖက်မှ ကူးကီးစစ်သွေးကြွ ၉၀၀ ခန့် ဝင်ရောက်လာဟု အိန္ဒိယမဏိပူရပြည်နယ်၌ သတိပေး

၃။ တရုတ်သည် မိမိတိုကို အကဲစမ်းနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြောကြား

၄။ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားပြီးနောက် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပြန်အလှန်တိုက်ခိုက်မှုများ အပြင်းအထန်ဆက်လက်ဖြစ်ပွား

၅။ သီရိလင်္ကာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပနိုင်ခဲ့သော်လည်း အာဏာပိုင်များက နိုင်ငံတစ်ဝန်း၌ ညမထွက်ရအမိန့် ထုတ်ပြန်

၆။ ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖိုအတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ

အားကစားသတင်းများ

၁။ MLWC-9 ပွဲစဉ် အတွင်း ဒုခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် ရွှေရာမာန် နှင့် အောင်ခိုင် ပူးတွဲသရေ ရရှိ

၂။ မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲကို ထွန်းထွန်းမင်း ဆက်လက်ဆွတ်ခူးပြီး ကျော်စွာဝင်း၏ ရှုးပွဲမရှိ စံချိန်ကျိုးပျက်

၃။ မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ (၁၀) ရက်နှင့် (၁၃) ရက်တိုတွင် သီရိလင်္ကာ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်ရာ ပဏာမ လူစာရင်းထုတ်ပြန်

၄။ ဝက်စ်ဟမ်းအသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေနဲ့ကြုံနေရပေမယ့် နည်းပြ လိုပက်တီဂူကို ရာထူးကနေ ထုတ်ပယ်သွားမှာမဟုတ်ဘူးလို အသင်းဘုတ်အဖွဲက ပြောဆို

၅။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့နည်းပြ တန်ဟက်ကို ထုတ်ပယ်လိုက်ပါက အစားထိုးနိုင်မယ့်နည်းပြတွေကို ရှာဖွေ

အနုပညာသတင်းများ

၁။ ကလောကပျက်စီးသွားတဲ့ အိမ်ခြေ၁၅၅အိမ်ကို သိန်း၃၀ စီ ထောက်ပံ့ခဲ့တဲ့ မေမေခိုင်

၂။ ခြိမ့်ကေကို (banana)၏ “ရိုးသားကြိုးစား” သီချင်း လေလံတင် ရောင်းချရငွေအား ခိုင်နှင်းဝေဖောင်ဒေးရှင်းသို ပေးအပ်လှူဒါန်း

၃။ vivo Myanmar က အကယ်ဒမီ ခင်ဝင့်ဝါကို V Series Ambassador အသစ်အနေနဲ့ ခန့်အပ်

၄။ အသက် ၃၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် We Love အဖွဲတွေနဲ့ လူ ၆၀၀ ကို ဆန်လှူဒါန်းခဲ့တဲ့ စိုးပြည့်သဇင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ညောင်ဦးတွင် မီးပြတ်နေသဖြင့် ဖယောင်းတိုင်မီးထွန်းရာမှ ငှက်ကြီးခေါင်းကျ ဘုန်းကြီးကျောင်း မီးလောင်
Next post (၂၃-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ