ရေကြီးရေလျှံမှုကြောင့် ဖောင်တော်ဦး ဘုရားပွဲ မပြုလုပ် ဖြစ်တော့ဟု သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ဆို

ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံအဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အင်းလေးဒေသတွင်လည်း ရေနစ် မြုပ်ခဲ့ပြီး စီစဉ်ထားသည့် ဖောင်တော်ဦးဘုရားပွဲတော်ကိုလည်း မပြုလုပ်ဖြစ်တော့ကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းထံမှ သိရသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း ၁၇ ရက်ကြာကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း ပုံမှန်အတိုင်းကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ “ရေကြီးတော့ ပွဲကမလုပ်ဖြစ်တော့ဘူး။ အင်းလေးက ရေကြီးတယ် ဆိုတာမရှိဘူး။ ဘုရားပွဲတော်ရက်ရောက်ရင် နည်းနည်းတော့ တက်တယ်။ နှစ်ပေါင်းသုံးဆယ်ကျော်ပြီ ရေမတက်တာ။ ဒါ သမိုင်းမှာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာမှ ပြန်တက်တာ။ မတတ်နိုင်ဘူး။ အကုန်လုံးက ရေဘေးရှောင်နေရတာ။ ပွဲကတော့မလုပ်ဖြစ်တော့ဘူး။” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

မြန်မာနိုင်ငံ၏ ရိုးရာပွဲတော်များထဲမှ နာမည်အကြီးဆုံးပွဲတော်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ဖောင်တော်ဦးဘု ရားပွဲတော်ကို ရှမ်းပြည်တောင်ပိုင်းရှိ အင်းလေးဒေသတွင် ကျင်းပလေ့ရှိပြီး ဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွါးတော် ၅ ဆူထဲမှ ၄ ဆူကို အင်းလေးဒေသတဝိုက်ရှိ ကျေးရွာများ၌ ဒေသစာရီလှည့်လည် အပူဇော်ခံခြင်းဖြစ်သည်။ ယခုနှစ်တွင်မူ အင်းလေး ဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၀၀ ကျော်ရေနစ်မြုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်ထိတွင်လည်း ရေပြန်မကျသေးသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း လိုအပ်နေသေးကြောင်း သိရသည်။

“ဒီနှစ်အတွက် ဖောင်တော်ဦးဘုရားပွဲ မလုပ်ဖြစ်တော့ဘူးဆိုတော့ ကျွန်တော်တို့တွေအနေနဲ့ အစစအရာရာ ထိခိုက်တာပေါ့ဗျာ။ ရေတွေကလည်းကြီးတော့ ရေပေါ်စျေးတွေလည်း မလုပ်ရ။ စက်လှေတွေလည်း မထွက်ရ။ ဟိုတယ်တွေအတွက်လည်း အဆင်မပြေဘူးပေါ့။ စီးပွားရေးတွေ အကုန််ထိခိုက်ရတာပေါ့နော်။ လောလောဆယ်တော့ ရေ ကတစ်ပေလောက်တော့ကျသွားပါပြီး။ ဒါမဲ့လည်း အလုပ်က အဆင်မပြေသေးဘူးပါဘူး။” ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ” ဂန္တဝင် ငတိုး ” ရုပ်ရှင်ဇာတ်ကား ရဲ့ ကန်တော့ပွဲပေးခြင်း အခမ်းအနား ကျင်းပ