(၁၇-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၇-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မိုးသည်းထန်စွာရွာသွန်းစဉ် ပျက်စီးခဲ့သော ပုဂံရှေးဟောင်းဘုရားပုထိုးစေတီအဆောက်အဦများအား ရာသီဥတုကောင်းမွန်ချိန်တွင်မူလအတိုင်း ပြန်လည်ပြင်ဆင်ရန် နစက ဥက္ကဌပြော

၂။ ရေဘေးဒဏ်သင့် ပြည်သူများထံ ပေါ်ဆန်းနှင့်ဧည့်မထဆန်များ လှူဒါန်းလိုပါက ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးသွားမည်ဟု MRF အသိပေး

၃။ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရထားသည့် MUP ပါတီအနေဖြင့် ပါတီတွင်းစည်းလုံးရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆို

၄။ အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် ချင်းနှင့် ရခိုင်တိုင်းရင်းသူ (၂) ဦးအား အမိနိုင်ငံသို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

၅။ NCA အား ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာခြင်းနှင့် စစ်ရေးဖော်ဆောင်လာခြင်းများကြောင့် PNLO အဖွဲမှ နုတ်ထွက်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ကြေညာ

၆။ ချောင်ချောင်ရွှေဆိုင်ကို ဓားပြတိုက်ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ကျပ်သိန်း ၁၀၀၀ ခန့်လုယက်သူ ၇ ဦးအနက် တရားခံ ၆ ဦးနှင့် ရွှေထည်များ ဖမ်းမိ၊ တရားခံတစ်ဦး လွတ်မြောက်နေ

၇။ ဘုရားဖူးများ၊ ရဟန်းသံဃာများနှင့် သက်ကြီးရွယ်အိုများကို အဓိက လိုက်လံသတ်ဖြတ်နေသည့် KRF က သုံးနှစ်အတွင်း ရဟန်းနှင့်လူ ၁၈၂ ဦးကို သတ်ဖြတ်ထားဟု ဝန်ခံလာ

၈။ စက်တင်ဘာလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၂၀၉,၆၆၂ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၉၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထရမ့် ဒုတိယအကြိမ်မြောက် လုပ်ကြံသတ်ဖြတ်ရန်ကြံစည်ခံရသော်လည်း လွတ်မြောက်

၂။ ပြည်တော်ပြန်လျှင် ဒေါ်လာ ၃၄,၀၀၀ ပေးမည်ဟု ရွှေ့ပြောင်း နေထိုင်သူများကို ဆွီဒင်ကမ်းလှမ်း

၃။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား

၄။ ရုရှားက အီရန်ကို နျူကလီးယားနည်းပညာတွေ မျှဝေနေတယ်လို အမေရိကန်နဲ့ ဗြိတိန် စွပ်စွဲ

၅။ အမေရိကန်နဲ့ တရုတ်တိုရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်

၆။ ရုရှားနှင့် ဆက်ဆံရေးများ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား

အားကစားသတင်းများ

၁။ ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်းတို ချန်ပီယံလုကြမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲအတွက် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တွင် လက်မှတ်ရောင်းချမည်

၂။ စက်တင်ဘာ ၂၀ ရက်နေ့ ONE Friday Fights 80 ပြိုင်ပွဲတွင် သွေးသစ်ဝင်းလှိင်နှင့် ဥဇဘက်ကစ္စတန်ဖိုက်တာ တို ထိုးသတ်မည်

၃။ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု ၁၁၅ ချက်နဲ့စွဲချက်တင်ခံထားရတဲ့ မန်စီးတီး အသင်းအပေါ် ကြားနာမှုကို စတင်

၄။ ဘောလုံးလောကကို တစ်ဖန်ပြန်လည်ဝင်ရောက်လာသည့် ချီလီနီ ဂျုဗင်တပ်စ်အသင်းမှာ အမှုဆောင်ရာထူးအဖြစ် လုပ်ကိုင်မည်

၅။ ပီအက်စ်ဂျီအသင်းရဲ့နောက်ခံကစားသမား မန်းဒက်စ် ကို လူမျိုးရေးခွဲခြား ရေးသားခဲ့မှုအပေါ် အရေးယူ ဆောင်ရွက်သွားမည်

အနုပညာသတင်းများ

၁။ ရေဘေးကူညီကယ်ဆယ်ရေးအသင်းတွေကို ကျပ်သိန်း ၆၀၀ လှူဒါန်းလိုက်တဲ့ စမိုင်းလ်

၂။ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို အတွက် နာမည် ကြီးအဆိုတော်တွေနဲ့ ၂ ရက်တိုင်တိုင်ပြုလုပ်မဲ့ Music Charity Show on The Road ရန်ပုံငွေဂီတ ဖျော်ဖြေပွဲ

၃။ တောင်ငူမြိုနဲ့ ပျဉ်းမနားမြိုရှိ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေတွေလှူဒါန်းပြီး သွားရောက် အားပေးနှစ်သိမ့်စကားပြောခဲ့တဲ့ စိုးပြည့်သဇင်

၄။ ပရဟိတသမားတွေက တခြားလူကို အသက်ကယ်ရတာဆိုပေမယ့် ကိုယ့်အသက်ကိုယ်လည်း ဂရုစိုက်ကြပါ ဆိုတဲ့ ဝိုင်းရွှေရည်

၅။ အရင်ခေတ်က ရုပ်ရှင်တစ်ကားကို ၁၀ သိန်း၊ ၁၅ သိန်းနဲ့ရိုက်ချိန်မှာ “သူ့ကျွန်မခံပြီ”ဇာတ်ကားကို သိန်း ၆၀၀ အကုန်ခံရိုက်ခဲ့တာပါဆိုတဲ့ ဒါရိုက်တာကြည်စိုးထွန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မတည်လှူဒါန်း
Next post (၁၇-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ