(၁၄-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၄-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်သည့် လူဦးရေ ၇၀၀၀၀ ကျော်တိုကို ယာယီရေဘေးရှောင် စခန်း ၂၆ ခု ဖွင့်လှစ်ထားကာနေရာချထား

၂။ စက်သုံးဆီအတွက် ဒေါ်လာ ၁၀ သန်းနှင့် စားသုံးဆီအတွက် ဒေါ်လာ ၇ သန်း ထုတ်ရောင်းပေးသွားမည်ဟု ဗဟိုဘဏ် အသိပေး

၃။ နေပြည်တော်အတွင်း နေရာ (၃၀) မှ ရေဘေးသင့်ပြည်သူ (၃၆၀၀) ကျော် ကယ်ဆယ်နိုင်ခဲ့ပြီး အသက်ဆုံးရှုးသူ (၁၉)ဦး အထိရှိလာ

၄။ မုတ်သုန်လေအားအလွန်ကောင်းနေပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်၍ တစ်နိုင်ငံလုံးမိုးရွာသွန်းပြီး ချင်းနှင့်ရခိုင် နောက်နှစ်ရက်အထိ မိုးပိုနိုင်

၅။ လေးနှစ်အရွယ် ကလေးငယ်ကို ရိုက်နှက်ပြီး ကားတစ်စီးနဲ့ ဖုန်းလုယက်သူ လူငယ် ၇ ဦးကို ချက်ချင်းဖမ်းမိ

၆။ AA နှင့် တိုက်ခိုက်နေမည့်အစား ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ ကမ်းလှမ်းမှု CNF ငြင်းဆန်

၇။ KNU နှင့် PDF က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စာသင်ကျောင်းဆောင်နှစ်ခုပျက်စီးသည့်အပြင် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

၈။ စက်တင်ဘာလ ၁၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၁၁၇,၅၁၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၉၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ငွေပေးချေမှုစနစ်သစ်ကို ၁၅၉ နိုင်ငံက အသုံးပြုမည်ဟု BRICS အတည်ပြု

၂။ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်ရင် အနောက်အုပ်စုဟာ ရုရှားနဲ့ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်လို ပူတင်ပြော

၃။ ပေတုန်တန်က စီးပွားရေးအတွက် မူဝါဒ ၁၀ ချက်ကို ကြေညာ

၄။ တောင်တရုတ်ပင်လယ်တွင် ပြည်ပ၏ဝင်ရောက်စွက်ဖက်မှုကို နှိမ်နင်းသွားမည်ဟု တရုတ် ပြောကြား

၅။ မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ပင်လယ်ထဲသို ပစ်လွှတ်

၆။ တိုင်ဖွန်းမုန်တိုင်းကြောင့် အရှေ့တောင်အာရှတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေပြီး လူပေါင်းသန်းချီ ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရ

အားကစားသတင်းများ

၁။ ရေဘေးသင့်ပြည်သူများကို ကူညီရန် လေလံတင်ရောင်းချနေသည့် ထွန်းထွန်းမင်း၏ ချန်ပီယံ ခါးပါတ် ကျပ်သိန်း (၄၀၀)အထိ ရရှိနေ

၂။ ဂရန်းစလန်း ၂၂ကြိမ်ဆုရှင် ရာဖေးနာဒယ် Laver Cup တင်းနစ်ပြိုင်ပွဲကနေ နှုတ်ထွက်

၃။ ဆစ်ဒနီမာရသွန်ပြိုင်ပွဲကျင်းပရေးကော်မတီ ဟာ ၎င်းတိုရဲ့ပြိုင်ပွဲကို ကမ္ဘာ့ အဓိကပြိုင်ပွဲများမှာ ထည့်သွင်းပေးဖိုအတွက် တောင်းဆိုလိုက်ကြောင်းသိရ

၄။ ဆိုရှယ်မီဒီယာသမိုင်းမှာ Follower ၁ ဘီလီယံပြည့်တဲ့ ပထမဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

၅။ တွစ်တာ မှာ ပါကစ္စတန်ခရစ်ကတ်အသင်းကို အင်္ဂလိပ် အက္ခရာစာလုံးဖြစ်တဲ့ P လိုနာမ်စားသုံးနှုန်းခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမှာဖြစ်

အနုပညာသတင်းများ

၁။ ရေဘေးသင့်ပြည်သူများအတွက် ကိုနိုင်ဖြိုးကျော်နဲ့ အကယ်ဒမီဝတ်မှုရွှေရည်တိုက ခိုင်နှင်းဝေကတစ်ဆင့် ကျပ်သိန်း ၁၀၀ လှူဒါန်း

၂။ ရေဘေးသင့်ပြည်သူတွေအတွက် ကျပ် ၇ သိန်း မ,တည်ပြီး ခုနစ်ရက်သားသမီးအလှူမှာ ပါဝင်လှူဒါန်းသွားမယ့် ပိုပို

၃။ “သဘင်သည်မြနှင်းဆီ” အဖွဲသားတွေက ရေဘေးသင့်ပြည်သူတွေနဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် ကျပ် ၁၅ သိန်း လှူဒါန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိုးအဆက်မပြတ်ရွာသွန်းကြောင့် ရွှေစက်တော်ဘုရား ရင်ပြင်တော်အထိ ရေများဝင်ရာက်
Next post ရေဘေးအတွက် အလှူငွေ ကျပ်သိန်း ၃၅၀၀ ဝန်းကျင်ခန့် ရရှိနေပြီဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေ ပြော