(၂-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ အောက်တိုဘာ ၁ ရက်မှစတင်၍ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ရန် အဆင်သင့်ဖြစ်နေပြီဟု နစက ဥက္ကဋ္ဌ ပြောကြား

၂။ ရခိုင်တောင်ပိုင်း မြိုနယ်အချိုတွင် တပ်မတော်ကနယ်မြေရှင်းလင်းရေးစတင်လာ

၃။ ရဲတပ်သားတစ်ဦးအား တပ်မတော်(ရေ) ဒရုန်းတပ်ဖွဲမှ ရှာဖွေ တွေ့ရှိ ကယ်ဆယ်

၄။ အာရှမီဒီယာထိပ်သီးညီလာခံသို မြန်မာကိုယ်စားလှယ်အဖွဲတက်မည်

၅။ အကြမ်းဖက်သူများ ဖျက်ဆီးထားသော်လည်း နယ်မြေအာမခံချက်မရှိ၍ မပြင်နိုင်ဖြစ်နေရသည့် လျှပ်စစ်ထုတ်လုပ်နိုင်မှုမရှိသော ရေအားလျှပ်စစ်စီမံကိန်း ၈ ခုအထိ ရှိနေ

၆။ ရန်ကုန်တက္ကသိုလ်မှ CDM တွဲဘက်ပါမောက္ခ၏ငါးနှစ်သမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သူ တွံတေး NLD ပါတီအတွင်းရေးမှူး အောင်မင်းအား NUG က ဖမ်းဆီး၍လွှတ်ပေးအပြီး တစ်နှစ်ကျော်မှ ဟန်ပြဖမ်းဝရမ်းထုတ်

၇။ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ရဲတပ်ဖွဲဝင်သုံးဦး စီးနင်းလာသော ကားကို PDF ၇ ဖွဲပေါင်း၍ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သုံးဦးစလုံး ပွဲချင်းပြီးသေဆုံး

၈။ စက်တင်ဘာလ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၀၂၁,၆၇၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၂၄၀ ကျပ်၊ Diesel – ၂၆၅၅ ကျပ်၊ Premium Diesel – ၃၂၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်း၏ ဒရုန်း ၁၅၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှား ပြောကြား

၂။ ဂျပန်ရေပိုင်နက်ထဲသို တရုတ်ရေတပ်သင်္ဘောတစ်စင်း ဝင်ရောက်ခဲ့မှုအပေါ် ဂျပန်အစိုးရ ကန့်ကွက်

၃။ ရုရှားမှာ ရဟတ်ယာဉ်ပျက်ကျ၊ ယာဉ်ပေါ်ပါသူ ၂၂ ဦးစလုံး သေဆုံး

၄။ ယူကရိန်းက တာဝေးပစ်ဒုံးကျည်စနစ်တွေကို အမေရိကန်ဆီကနေ ထပ်မံရရှိဖို မျှော်လင့်လိုမရတော့ ဟု CNN ဖော်ပြ

၅။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်သည် စင်ကာပူကို သွားရောက်မည်

၆။ ကုလသမဂ္ဂက နိုင်ငံ(၁၀)နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း(၁၀၀)အရေးပေါ် ရန်ပုံငွေပေးအပ်မည်

အားကစားသတင်းများ

၁။ ပြည်နယ်အစိုးရအဖွဲက ကြီးမှူးကျင်းပသော မိုးရာသီဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

၂။ အာရှယူ-၂၀ ခြေစစ်ပွဲအတွက် မြန်မာယူ-၁၉ အသင်း ထိုင်းနိုင်ငံသို ခြေစမ်းခရီးစဉ်သွားရောက်လေ့ကျင့်

၃။ ဘာစီလိုနာအသင်းက ရီးရဲ ဗယ်လာဒိုးလစ်အသင်းကို ဂိုး ဒါဇင်ဝက်ကျော်သွင်းပြီး (၄)ပွဲဆက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်

၄။ လိဒ်ယူနိုက်တက်၊ လက်စတာစီးတီး၊ ကာဒစ်ဖ်စီးတီးနှင့် ဟီဘာနီရန် နောက်ခံလူဟောင်း ဆိုးလ်ဘမ်ဘာဟာ သွေးကင်ဆာဖြင့်ကွယ်လွန်

၅။ ဆောက်ကာရိုလိုင်းနား အသင်းရဲ့ကစားသမား ဖြစ်သူ အက်ရှ်လင်း ဝက်ကင်း ကို တိုက်ခိုက်မှု နဲ့ ပြန်ပေးဆွဲမှုများနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲကထိန်းသိမ်း

အနုပညာသတင်းများ

၁။ သဘင်သည်မြနှင်းဆီဇာတ်ကားမှာ ခြေထောက်ကသွေးစီးကျအောင်အထိ ရိုက်ကူးခဲ့တဲ့ မေမီကိုကိုအကြောင်းပြောပြလာတဲ့ ဒါရိုက်တာ

၂။ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ရွံစရာကြီးလို ဝေဖန်ခံခဲ့ရတာများလို Psycho ဖြစ်ပြီး ဝမ်းနည်းငိုခဲ့ရတာတွေရှိတယ်ဆိုတဲ့ ရွှေပိုးအိမ်

၃။ မြွေနဲ့ရိုက်ရတဲ့ဇာတ်ဝင်ခန်းက သဲအတွက် Challenge ဖြစ်ခဲ့တယ်ဆိုတဲ့ သဇင်ထူးမြင့်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နိုင်ငံ့စီးပွားရေး ကောင်းမွန်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း နစက ဥက္ကဋ္ဌပြောကြား