(၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ပြည်သူများ အလင်းထဲမှ အမှောင်ထဲ ပြန်ရောက်မည့် အခြေအနေမျိုးကို တပ်မတော်မှ လုံးဝခွင့်ပြုမည်မဟုတ်ဟု နစက ဥက္ကဋ္ဌ ပြော

၂။ အပြစ်မဲ့အရပ်သားပြည်သူ (၁ဝဝ) ကျော်အား ရက်စက်စွာသက်ဖြတ်ခဲ့သည့် MNDAA အမည်ခံ ကိုးကန့်သောင်းကျန်းသူများ၏ ရက်စက်ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲရန်ကုန်မြို၌ကျင်းပ

၃။ လားရှိး ကုတင် ၁၀၀ ကို ယူနန်-တရုတ် လက်နက်ကိုင်များဝင်ရောက်ပစ်ခတ်ခဲ့ဟု ကနေဒါနိုင်ငံရောက် ကယားပြည်နယ်တိုင်းရင်းသားများအစည်းအရုံး ပြော

၄။ KNU တပ်မဟာ သုံးခုပူးပေါင်းပြီး စစ်တောင်းမြစ်တစ်ဝိုက် တိုက်ကွက်များ ဖော်ဆောင်နိုင်ရေး KNU ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တို ပူးပေါင်းကြံစည်နေ

၅။ ရန်ကုန်တိုင်းအတွင်းရှိ အလုပ်သမားများအား မှတ်ပုံတင်ပြုလုပ်ပေးရန် စာရင်းကောက်ယူမှုများ လုပ်‌ဆောင်နေ

၆။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို တိုက်ခိုက်နိုင်ရန်အတွက် အကူအညီပေးရန် ရုရှားအစိုးရကို USDP ဥက္ကဋ္ဌ တိုက်တွန်းတောင်းဆို

၇။ အုပ်ချုပ်ရေးမှူးရာထူးမှ ကျန်းမာရေးကြောင့် နုတ်ထွက်မည့် ဘွတ်စိန်ဘုရွာအုပ်ချုပ်ရေးမှူးအား အုတ်ဖို PDF အဖွဲက သေနတ် ကျည် ၁၂ ချက်ဖြင့် ပစ်သတ်

၈။ ဩဂုတ်လ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၃၇,၈၁၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၇၀ ကျပ်၊ Octane 95 – ၂၈၉၅ ကျပ်၊ Diesel – ၂၄၅၀ ကျပ်၊ Premium Diesel – ၂၉၂၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ကြားဖြတ်အစိုးရ ဖွဲမည်ဖြစ်ပြီး ပြည်သူများ စိတ်မပျက်စေရဟု ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် ကတိပေး

၂။ ဘင်္ဂလားဒေ့ရှ်မှာ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းဖို အမေရိကန်နဲ့အီးယူ တိုက်တွန်း

၃။ ထိုင်းစစ်သည်တွေကို ရိုက်နှက်ကန်ကျောက်ပြီး မိုးသည်းသည်းညမှာ ဝတ်လစ်စားလစ်ရပ်နေခိုင်းတဲ့ဖြစ်စဉ် အတွက် ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးမည်

၄။ ထိုင်းအိမ်ခြံမြေဈေးကွက်ထဲကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုဝင်ရောက်လာ

၅။ စင်ကာပူမှာ အသက် (၈၁) နှစ်အရွယ် မိခင်ကို လိင်ပိုင်းဆိုင်ရာစော်ကားဖို ကြိုးစားတဲ့ အမျိုးသား ဖမ်းဆီးထိန်းသိမ်းခံရ

၆။ ယူကရိန်းစစ်ပွဲအတွက် အီဂျစ်နိုင်ငံသားတွေကို တပ်သားသစ်အဖြစ် ရုရှားစုဆောင်းနေ

အားကစားသတင်းများ

၁။ ၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)အပြီး နိုင်ပွဲရလဒ်ပေါ်မူတည်၍ အမှတ်ပေးဇယားရပ်တည်မှုများ အပြောင်းအလဲများဖြစ်လာ

၂။ ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်း တူရကီနိုင်ငံသား ဖိုက်တာ ရှာမေးလ်အာဒိုဂန်ဖြင့် ထိုးသ-တ်မည်

၃။ ကမ္ဘာ့အကောင်းဆုံး ကစားသမားများဖြင့် ယှဉ်ပြိုင်ကစားခွင့်ရခဲ့သည့်အပေါ် ဂုဏ်ယူကြောင်း သက်ထားသူဇာ ဆို

၄။ အိုလံပစ်ဝါးလုံးထောက်ခုန်ပြိုင်ပွဲ ဆွီဒင်ကစားသမား ဗိုလ်စွဲ

၅။ ကစားသမားအင်အားဖြည့်တင်းရန် လုပ်ဆောင်နေဟု နည်းပြတန်ဟတ်ဂ် ပြော

အနုပညာသတင်းများ

၁။ Miss Grand International သရဖူဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်ပေးမယ့်ဆိုတဲ့ အလှမယ် သဲစုညိမ်း

၂။ ငွေရှိမှဖြစ်မှာမို အရွယ်ကောင်းတုန်းမှာ စီးပွားပဲရှာဦးမယ်ဆိုတဲ့ နေဒွေး

၃။ မိဘမေတ္တာ အချစ်ဇာတ်လမ်းပုံစံ သုံးလွန်းတင်ပျိုဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post သုံးလွန်းတင်ပျို့ ရုပ်ရှင်ဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနားကျင်းပ
Next post အစုအဖွဲ့များဖြင့် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ကူညီကာ ဆောင်ရွက်သည့် သမဝါယမစနစ်ဖြင့်စိုက်ပျိုးရေးကို ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်ဟု နစကဥက္ကဌ ပြော