(၃၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၃၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစကဥက္ကဋ္ဌ ပြင်ဦးလွင်မြို့ရှိ မဟာရွှေမြင်တင်စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

၂။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော လုံခြုံရေးတပ်ဖွဲဝင် များအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှုအားပေး

၃။ ငါးရက်အတွင်း တရားမဝင် ဒီဂျစ်တယ်‌ငွေကြေး ရောင်းဝယ်ခြင်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ အား အရေးယူထားဟု ဗဟိုဘဏ်ဖြေကြား

၄။ နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှု စနစ်အရ (EBRE) နှင့် (IBPE) လျှောက်ထားရမည်

၅။ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် နိုင်ငံရေးအသိုင်းအဝိုင်းအချိုထောက်ခံ

၆။ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းသတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ် အသိပေးကြေညာ

၇။ ကလေးခရိုင် PDF အထူးတပ်ရင်း၏ မြိုပြစစ်ဆင်ရေး ခေါင်းဆောင် ကလေးမြိုပေါ်သွားရောက်ချိန် ပစ်ခတ်ခံရ၍ သေဆုံး

၈။ မေလ ၃၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၃၅ ကျပ်၊ Diesel – ၂၃၃၅ ကျပ်၊ Premium Diesel – ၂၃၈၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နိုင်ငံရဲ့မြေကို ငှားရမ်းပြီး အာဏာရအောင် မလုပ်ချင်ကြောင်း ဝန်ကြီးချုပ် ရှိတ်ဟာဆီနာပြော

၂။ ပဲ့ထိန်းဒုံးကျည် ၁၀ စင်းခန့် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

၃။ အမှိက်သရိုက် အညစ်အကြေးတွေပါဝင်တဲ့ မိုးပျံပူဖောင်းတွေ မြောက်ကိုရီးယားဘက်ကနေ ပြုတ်ကျလာတာကြောင့် တောင်ကိုရီးယားအစိုးရ သတိပေးချက် ထုတ်

၄။ အမေရိကန်ထောက်ပံ့ထားတဲ့ တင့်ကားတွေ ရုရှားဒရုန်းတွေရဲ့ ပစ်မှတ်ဖြစ်နေကြောင်း ယူကရိန်းစစ်သည်တွေ ပြော

၅။ အိန္ဒိယနိုင်ငံ နယူးဒေလီမြိုတော်တွင် အပူချိန် ၄၉ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်တင်မြင့်တက်

၆။ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ စည်းမျဉ်းအသစ်တွေက စိုးရိမ်စရာကိစ္စတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဝေဖန်ပြောဆို

အားကစားသတင်းများ

၁။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပမည်

၂။ အာဆီယံယူ-၁၆ ပြိုင်ပွဲတွင် မြန်မာအသင်းက ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတိုနှင့် တွေ့ဆုံနေပြီး ယူ-၁၉ ပြိုင်ပွဲတွင် လာအို၊ ဗီယက်နမ်၊ သြစတြေးလျတိုနှင့် အုပ်စုအဆင့် ဆုံတွေ့

၃။ မြန်မာအသင်းနှင့် ဂျပန်အသင်းတို၏ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်

၄။ အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ရပ်တည်နေသော အမျိုးသမီးဘောလုံးအသင်းတို Week-5 ပွဲစဉ်တွင် ထိပ်တိုက်တွေ့ဆုံ

၅။ ရုရှားဖိုက်တာနှင့် ထိုးသ-တ်မည့် ပွဲစဉ်အတွက် ထွန်းမင်းအောင် ဆေးစစ်ဝိတ်ချိန်မှုအောင်မြင်

အနုပညာသတင်းများ

၁။ ဂန္တဝင်ပညာရှင်ကြီးတွေကို တစ်ဖက်တစ်လမ်းက ဂုဏ်ပြုပေးခဲ့တဲ့ မေသက်ထားဆွေ

၂။ အနုပညာရှင်များစွာ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တဲ့ ဒီဇိုင်နာဦးမျိုးရဲ့ Oo Myo Fashion & Tailor ဖက်ရှင် ဆိုင်ဖွင့်ပွဲ

၃။ ဒီခေတ်ကြီးက စာအုပ်ထုတ်ဖိုမပြောနဲ့ စာအုပ်မိတ်ဆက်ပွဲလုပ်ဖိုတောင် အနိုင်နိုင်ဆိုတဲ့ အောင်သျှံဝိုင်း (ကျိုက်မရော)

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၃၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ