(၁၉-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၉-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား တက်ရောက်

၂။ မြန်မာလေတပ်နှင့် အိန္ဒိယလေတပ်တိုအကြား (၅) ရက်ကြာဆွေးနွေးပွဲပြုလုပ်

၃။ ထားဝယ်ဆိပ်ကမ်း မဟာဗျူဟာစီမံကိန်းအတွက် မြန်မာ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်အကြီးအကျယ်စိတ်ပျက်

၄။ အရောင်းအဝယ်မရှိသော ရွှေဈေးနှုန်းများကို ထုတ်လွှင့်မှုရှိနေပြီး အရောင်း အဝယ်ပြုလုပ်သူများကို ဌာနဆိုင်ရာမှ အရေးယူမှုများရှိနေ

၅။ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးမှုများဆက်လက်လုပ်ဆောင်မည်ဟု တရုတ်အစိုးရပြော

၆။ ဟုမ္မလင် ပကဖ ၏ စက်သုံးဆီရောင်းချရေး ကန့်သတ်မှုမှာ ၎င်းတိုအကျိုးစီးပွားအတွက်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိနေ

၇။ ဘူးသီးတောင်မြိုပေါ်မှ ရိုဟင်ဂျာနေအိမ်များကို AA မီးရှိလိုက်၍ ဘင်္ဂါလီတစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွား

၈။ မေလ ၁၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၂၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၄၅ ကျပ်၊ Premium Diesel – ၂၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တောင်အာဖရိက စွပ်စွဲပြောကြားသည့် ဂါဇာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စကို အစ္စရေးက ပြင်းပြင်းထန်ထန်ဝေဖန်

၂။ ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်မဟုတ်ကြောင်း ဥရောပသမဂ္ဂအကြီးအကဲပြော

၃။ ယူကရိန်းသမ္မတက ငြိမ်းချမ်းရေးအဆိုပြုချက်တွေတင်သွင်းမယ့်အစည်းအဝေးကို BRICS အဖွဲဝင်နိုင်ငံအချိုရဲ့ခေါင်းဆောင်တွေ တက်ရောက်ဖွယ်မရှိဟုဆို

၄။ တရုတ်နဲ့ ဆက်ဆံရေး တည်ငြိမ်အောင် ဆောင်ရွက်မည်ဟု ထိုင်ဝမ်သမ္မတသစ် ကတိပြု

၅။ အနောက်အုပ်စုနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးက အကျပ်အတည်းစီမံခန့်ခွဲမှုပုံစံတွင်ရှိနေကြောင်း ရုရှားအစိုးရပြော

၆။ တောင်တရုတ်ပင်လယ်အတွင်းမှာရှိတဲ့ ပိုင်နက်နယ်မြေတွေကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို ဖိလစ်ပိုင်သမ္မတပြော

အားကစားသတင်းများ

၁။ မြန်မာ့ဘောလုံးလောက ဖွံဖြိုးတိုးတက်ရေးအတွက် 74th FIFA Congress သို ဦးဇော်ဇော် တက်ရောက်ဆွေးနွေးနေ

၂။ ဒဏ်ရာကနေ သက်သာလာတာကြောင့် အင်တာမီယာမီအတွက် ပြန်လည်ကစားပေးနိုင်တော့မယ့် မက်ဆီ

၃။ နှုတ်ဆက်စကားပြောရတာ အရမ်းကို ခက်ခဲကြောင်း ပြောကြားလာတဲ့ ကလော့ပ်

၄။ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကေင်းဆုံး ကစားသမားဆုကို ဖိုဒန်က ဆွတ်ခူးသွားခဲ့

၅။ အာဆင်နယ်ရဲ့ချန်ပီယံအိပ်မက်က ဆက်လက်ရှင်သန်နေဆဲလို့ ပြောလာတဲ့ အာတီတာ

အနုပညာသတင်းများ

၁။ ကိုယ်မွေးထားတဲ့ကလေးတွေ ရဟန်းအမ ရဟန်းဒကာတွေဖြစ်သွားပြီဆိုတော့ တကယ်ကို ပီတိဖြစ်ရတယ်ဆိုတဲ့ ခိုင်နှင်းဝေ

၂။ အသက် ၃၇ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ နိုင်းဝမ်း

၃။ ‘မထက် က အရမ်း အချစ်ခံရတဲ့ ကောင်မလေးဖြစ်နေလို့ မနာလိုတောင် ဖြစ်နေပြီ’ လို့ ပြောလာတဲ့ ဝင်းမင်းသန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များနဲ့မွေးစကလေးများ ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းသို့ ကျပ် ၂၁ သိန်း၊အအေးနဲ့မုန့်တွေ လှူဒါန်းခဲ့တဲ့ ဖွေးဖွေး
Next post (၁၉-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ