(၁၇-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၇-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ ၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားသို တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

၂။ ကုန်တင်ရေယာဉ်တစ်စီးပေါ်မှ ဒဏ်ရာရ တရုတ်အမှုထမ်းအား တပ်မတော် (ရေ) မှ ကူညီကယ်ဆယ်

၃။ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုပြင်ဆင်နေသဖြင့် ဓာတ်အားထုတ်လုပ်ပေးမှု ၅၅ MW လျော့နည်းနေသည်ဟု YESC ထုတ်ပြန်

၄။ (၂၄) နာရီအတွင်း မြန်မာနိုင်ငံတောင်ပိုင်းတွင် လေပြင်းတို က်၍ မိုးကြီးနိုင်ကြောင်း မြန်မာပြည်တောင်ပိုင်း မိုးလေဝ သစင်တာ သတိပေး

၅။ ချောက် နှင့် ရေနံချောင်း တစ်ဝိုက်တွင် အပင်ပေါင်း (၁၀ဝဝဝ) စိုက်ပျိုးရန် စီစဉ်နေ

၆။ မြန်မာနိုင်ငံ လွတ်မြောက်နယ်မြေဆိုသည်တိုတွင် စင်ပြိုင်နိုင်ငံတော်များ ထူထောင်ခြင်းဖြင့် တိုင်းပြည်ပြိုကွဲပြီး သွေးချောင်းစီးစေရန် သြစတြေးလျှ နိုင်ငံရေးသိပ္ပံပညာရှင်ဆိုသူ အကြံပြု

၇။ ကျင့်ဝတ်ဖောက်ဖျက်သည်ဟုဆိုကာ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချိုကို NUG က Black List သွင်းသည့် ကိစ္စသည် အလုပ်သမားများ အခွင့်အလမ်းကို ပိတ်ပင်ခြင်းဖြစ်

၈။ မေလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၆၀ ကျပ်၊ Octane 95 – ၂၇၆၅ ကျပ်၊ Diesel – ၂၃၂၅ ကျပ်၊ Premium Diesel – ၂၃၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ပစ်ခတ်လုပ်ကြံခံခဲ့ရသည့် ဆလိုဗေးကီးယားဝန်ကြီးချုပ် အသက်အန္တရာယ်မရှိတော့ဟု ဒုတိယဝန်ကြီးချုပ်ပြော

၂။ စင်ကာပူ ဝန်ကြီးချုပ်သစ်အဖြစ် လောရင့်ဝမ် ကျမ်းကျိန်ခဲ့ပြီး လီမိသားစုပြင်ပမှ ဝန်ကြီးချုပ်ဖြစ်လာသည့် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာ

၃။ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများတွင် အလွန်အရေးကြီးသည့် အပြောင်းအလဲတစ်ခုပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တိုက်တွန်း

၄။ ၀န်ကြီးချုပ် အန်ဝါနဲ့ ဟားမတ်စ်ခေါင်းဆောင် တွေ့ဆုံခဲ့သည့် သတင်းကို ဖေ့စ်ဘုတ်မှ ဖြုတ်ချခဲ့မှုအတွက် မလေးရှားအစိုးရ ရှင်းလင်းချက်တောင်း

၅။ အစ္စရေးအတွက် အလုံးစုံအောင်ပွဲက မဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

၆။ အီရန်ဆိပ်ကမ်းနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ဝေဖန်ပြစ်တင်မှုများကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတုံပြန်ဝေဖန်

အားကစားသတင်းများ

၁။ မကြာခင်ကျရောက်တော့မယ့် ကဆုန်လပြည့် ဗုဒ္ဓနေ့အတွက် ဆုတောင်းပေးခဲ့တဲ့ ဝက်ဖိုဒ်အသင်း

၂။ မြန်မာဘော လုံးအဖွဲချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို အာရှဘောလုံး အဖွဲချုပ်ဂုဏ်ပြု

၃။ မက်ဆီဒဏ်ရာ ရနေတာကြောင့် အော်လန်ဒိုနဲ့ သရေကျသွားတဲ့ အင်တာမီယာမီ

၄။ VAR စနစ်ကို အဆုံးသတ်လိုက်ဖို့ စဉ်းစားနေတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းများ

၅။ မန်စီးတီးက ကလေးတွေထည့်ကန်ရင်တောင် တားဆီးဖို့မလွယ်ပါဘူးဆိုပြီး အာဆင်နယ်ပရိသတ်တွေကို မက်ဆေ့ပေးလိုက်တဲ့ မိုယက်စ်

အနုပညာသတင်းများ

၁။ မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များနဲ့မွေးစကလေးများ ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်းကို ကျပ် ၂၁ သိန်း၊ အအေးနဲ့မုန့်တွေ လှူဒါန်းခဲ့တဲ့ ဖွေးဖွေး

၂။ You Are The Apple Of My Eye ဇာတ်ကား ကိုရီးယားဗားရှင်းတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံခဲ့ရတဲ့ Twice အဖွဲဝင် Dahyun

၃။ Met Gala ပွဲပြီးနောက် ‘digital Guillotine’ အမည်ပျက်စာရင်းမှာ K-POP idols ဂျင်းနီနဲ့ Stray Kids ပါဝင်လာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၇-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ