(၁၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအသစ် အား နစက ဥက္ကဋ္ဌ လက်ခံတွေ့ဆုံ

၂။ စက်သုံးဆီအရောင်းဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဓာတ်ဆီဈေး ကျပ် ၁၈၀ ခန့် ကျဆင်းလာ

၃။ နှစ်လွန်ပင်စင်ထုတ်ယူနိုင်ရန် အငြိမ်းစားများ နီးစပ်ရာဘဏ်ခွဲများတွင် လျှောက် ထားထုတ်ယူနိုင်ရေး စီစဉ်ပေးမည်

၄။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မဒေးကျွန်းပေါ်၌ ရေလှောင်ကန်(၂)ခုကို ငွေကျပ်(၄)ဘီလျံခန့်အသုံးပြုကာ တည်ဆောက်ရန် စီစဉ်နေ

၅။ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို နစကမှ ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်မှုသည် သတင်းအမှားသာ ဖြစ်ကြောင်း နီးစပ်သူများက အတည်ပြု

၆။ KIA နှင့် PDF များ ဒရုန်းဗုံးချတိုက်ခိုက်၍ မူလတန်းပြဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ

၇။ မြင်းခြံမြိုနယ်၊ ဆုံရွာကို ထပ်မံ တိုက်ခိုက်ရန် စစ်သွေးကြွ PDF အဖွဲများ ထပ်မံ လှုပ်ရှားမှု ရှိနေ

၈။ မေလ ၁၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၈၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၆၀ ကျပ်၊ Octane 95 – ၂၇၆၅ ကျပ်၊ Diesel – ၂၃၂၅ ကျပ်၊ Premium Diesel – ၂၃၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရာဖာစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်တန့်မည်ဟု ခြိမ်းခြောက်ခဲ့သည့် အမေရိကန်သမ္မတ ဘိုင်ဒင်အား အစ္စရေး ထိပ်သီးအရာရှိများ ဝေဖန်

၂။ တောင်ကိုရီးယားတွင် ဆရာဝန်များက အလုပ်မဆင်းဘဲ ဆန္ဒပြနေသဖြင့် ပြည်ပမှဆရာဝန်များကို အလုပ်လုပ်ခွင့်ပြုမည်ဟု တောင်ကိုရီးယားဝန်ကြီးချုပ် ပြောကြား

၃။ ရုရှားနဲ့ ဆက်ဆံရေးသည် အစ္စရေးအတွက် အမှန်တကယ် အရေးကြီးဟု အစ္စရေး သံအမတ်ကြီပြောကြား

၄။ နျူကလီးယားတပ်ဖွဲများ အမြဲနိုးကြားနေ ကြောင်း ပူတင် သတိပေး

၅။ EU က ဟန်ဂေရီအနေဖြင့် တရုတ်အပေါ် အလွန်အမင်း မှီခိုမှုမပြုရန် သတိပေးနေချိန်တွင် တရုတ်နှင့်ဟန်ဂေရီအကြား စီးပွားရေးအရ ဆက်ဆံရေး ပိုမိုနက်ရှိင်းလာ

၆။ ယူကရိန်းပါလီမန်က အကျဉ်းသားတွေ စစ်မှုထမ်းနိုင်မည့် ဥပဒေမူကြမ်းကို အတည်ပြု

အားကစားသတင်းများ

၁။ ၂၀၁၅ ခုနှစ် ရွှေခါးပတ်ချန်ပီယံ မျိုးမြတ်အောင် မွေထိုင်းဖိုက်တာဖြင့် ထိုးသတ်မည်

၂။ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ကမ္ဘာ့ပိုက်ကျော်ခြင်းပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်မည်

၃။ ကမ္ဘာ့အကောင်းဆုံး အသင်းတွေအတွက် ကစားပေးဖို့ အရည်အသွေးပြည့်မီတဲ့ တော့တင်ဟမ်ကြယ်ပွင့်ရဲ့အမည်ကို ထုတ်ဖော်လိုက်တဲ့ မော်ရင်ဟို

၄။ မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ဖလားရခဲ့ရင် အမိုးဖွင့်ကားနဲ့ အောင်ပွဲခံဖို့ အာဆင်နယ်ပြင်ဆင်ထား

၅။ ဧပြီလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို ပယ်လ်မာက ဆွတ်ခူး

အနုပညာသတင်းများ

၁။ ပြင်းထန်လွန်းတဲ့အပူကြောင့် မိုးရွာသွန်းဖို သဘင်ပညာရှင်တွေ လွန်ဆွဲ

၂။ Miss Grand International 2024 ကို အိမ်ရှင်အဖြစ်ကျင်းပခွင့် ရရ မရရ မြန်မာနိုင်ငံနဲ့ မြန်မာ့ရိုးရာ ယဥ်ကျေးမှုတွေကို နိုင်ငံတကာသိအောင် Promote လုပ်မယ်ဆိုတဲ့ ထူးအံ့လွင်

၃။ ဂျပ်စ်တင်ဘီဘာ၏ဇနီး ပထမဆုံးရင်သွေးကိုယ်ဝန်လွယ်ထားရဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ