(၉-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၉-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ်

၂။ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ကျင်းပမည်

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မစ္စတာဟွန်ဆန်၏ တောင်းဆိုမှုကိုဆောင်ရွက်ပေးရန် လတ်တလော အစီအစဉ်မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

၄။ NCA ထိုးထားသော 7 EAO Alliance ၏ ဦးဆောင်ကော်မတီအစည်းအဝေးပြုလုပ်၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရေးကြိုးပမ်းနေ

၅။ ရခိုင်ပြည်နယ်သို ပြန်လည်ထူထောင်ရေး ပစ္စည်းများ ထပ်မံပိုဆောင်

၆။ မြန်မာလက်နက်ကိုင်အဖွဲအစည်းတွေနဲ့ သက်ဆင် တွေ့ဆုံခဲ့မှုကို ထိုင်း လွှတ်တော်ကော်မတီတစ်ခုက စုံစမ်းစစ်ဆေးမည်ဟု ဆို

၇။ မြိုင်၊ ကံသစ်ရွာ PDF စခန်းကို စစ်ကြောင်းထိုး၍ နှစ်ဦးသေ၊ PDF ခိုလှုရာစခန်း ၁၃ အိမ်မီးလောင်ပြာကျပြီး PDF ဆက်နွှယ်သံသယရှိသူ ၂၀ ခန့် ဖမ်းဆီးခံရ

၈။ မေလ ၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၅၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၃၅ ကျပ်၊ Octane 95 – ၂၉၄၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ငါးကြိမ်မြောက် သမ္မတအဖြစ် သမ္မတဗလာဒီမာပူတင် ကျမ်းကျိန်

၂။ TikTok ပိုင်ရှင် ByteDance က အမေရိကန်အစိုးရကို တရားစွဲ

၃။ ဇလန်းစကီးကို လုပ်ကြံရန်ကြံစည်မှုဖြင့် ယူကရိန်းအရာရှိနှစ်ဦးကိုဖမ်းဆီး

၄။ ဗြိတိန်၏ ခြိမ်းချောက်မှုများ အကောင်အထည်ပေါ်လာပါက ဗြိတိန်စစ်ဖက်ဆိုင်ရာ အဆောက်အအုံများကို ရုရှားက တိုက်ခိုက်မည်ဟု ဆို

၅။ ပါလက်စတိုင်းလိုလားတဲ့ ကျောင်းသားဆန္ဒပြပွဲတွေက နော်ဒစ်နိုင်ငံတွေအထိ ပျံနှံလာ

၆။ လူပေါင်း (၉၀)ကို (၅၅) နာရီကျော်ကြာ အင်တာဗျူးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ နိုင်ဂျီးရီးယားအမျိုးသမီး

အားကစားသတင်းများ

၁။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းက ချန်ပီယံမြဝတီအသင်းကို ဂိုးပြတ်ဖြင့် အနိုင်ယူ

၂။ မြန်မာ့လက်ဝှေ့ အကျော်မော် သွေးသစ်ဝင်းလှိင် One Friday Fight တွင် ဝင်ရောက်ထိုးသတ်ရန် လေ့ကျင့်ပြင်ဆင်နေ

၃။ ဘောလုံးပညာနှင့် အတန်းပညာ အခမဲ့သင်ပေးမည့် FIFA-MFF TDS Scouting Program သို လာရောက်ယှဥ်ပြိုင်သူ ၁၂၀၅ ဦးမှ ၂၀၇ ဦးကို ပဏာမ ရွေးချယ်

၄။ မမျှတတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ရှုံးနိမ့်မှုလို့ ပြောဆိုလိုက်တဲ့ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်

၅။ တန်ဟက်နေရာမှာ အစားဝင်မယ့်သူအဖြစ် မော်ရင်ဟိုနဲ့သတင်းတွေ ထွက်ပေါ်နေတဲ့ ယူနိုက်တက်

အနုပညာသတင်းများ

၁။ ဇာတ်အပေါ်မှာ သစ္စာရှိတဲ့အတွက် ဆံပင်ညှပ်ဖို လက်ခံခဲ့တဲ့ မင်းသမီးနဲ့ပဲ တခုတ်တရကို ဖန်တီးဖြစ်ခဲ့တယ်ဆိုတဲ့ ဝိုင်း

၂။ အရင်ခေတ်က သရုပ်‌ဆောင်‌တွေ နေရာတစ်နေရာရဖိုအတွက် ခဲယဉ်းကြတယ် ဆိုတဲ့ သန်းသန်းစိုး

၃။ ‘တခုတ်တရ မှာ မိုးဟေကို က အင်မတန် သဘာဝကျစွာ လက်ကုန် ကြိုးစားထားတာ တွေ့ရတာကြောင့် တခုတ်တရ နဲ့ အကယ်ဒမီ ရုပ်ကြီး ကိုင်တာ မြင်ချင်ပါတယ်’ လို့ ပြောလာတဲ့ ဝါဝါဝင်းရွှေ’

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၈-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၉-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ