(၇-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၇-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဈာပနကို ပင့်သံဃာ(၁၀၈)ပါးဖြင့် မေလ ၉ ရက်နေ့တွင် ကျင်းပမည်

၂။ သီလဝါ အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ရုရှားနိုင်ငံမှ ဆွေးနွေးမှုများပြုလုပ်ခဲ့

၃။ အမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့ထားပြီး ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ခြင်းမျိုးမရှိ

၄။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂)ကို ယခုမေလအတွင်း၌ ထပ်မံဖွင့်လှစ်မည်

၅။ ရန်ကုန်ရှိဆိပ်ကမ်းများအတွင်း သွင်းကုန် ကုန်သေတ္တာများ များပြားနေသည့်အတွက် အပတ်စဉ် စနေနေ့တိုင်း အချိန်ပိုစစ်ဆေး ဆောင်ရွက်မည်

၆။ AA ၏ အဓမ္မလူသစ်စုဆောင်းမှုများကြောင့် မြန်မာနိုင်ငံသား ၄၇ ဦး အိန္ဒိယနိုင်ငံဘက်ခြမ်းသို နေ့ရပ်စွန့်ခွာ ဝင်ရောက်လာခဲ့ဟု အိန္ဒိယထောက်လှမ်းရေး ပြော

၇။ ဆီဆိုင်မြိုနယ်ရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရ

၈။ မေလ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၃၅ ကျပ်၊ Octane 95 – ၂၉၄၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၅၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆိုမှုများကို စောင့်ကြည့်ရန် အဖွဲသစ်ဖွဲစည်းမည့် အားထုတ်ကြိုးပမ်းမှုများသည် ကျရှုးလိမ့်မည်ဟု မြောက်ကိုရီးယားသံအမတ် ပြောကြား

၂။ ယူကရိန်းနိုင်ငံအနီးတွင် နျူကလီးယားလက်နက်များဖြင့် စစ်ရေးလေ့ကျင့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် ညွှန်ကြားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

၃။ ရုရှားနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လုပ်ရမည်ဟု ပြင်သစ်သမ္မတပြော

၄။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အုပ်ချုပ်ရေးကို နာဇီအုပ်ချုပ်ရေးနဲ့ နှိင်းယှဉ်ပြောဆိုလိုက်တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်

၅။ အစ္စလာမ္မစ်အစွန်းရောက်တွေဘက်က လှုဆော်နေတဲ့ အယ်လ်ဂျားဇီးယားသတင်းဌာနကို အစ္စရေးအစိုးရ စီးနင်း ပိတ်သိမ်း

၆။ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်မားနေချိန် တရုတ်သမ္မတ ဥရောပသို ရောက်ရှိ

အားကစားသတင်းများ

၁။ မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ ဒိုင်ကော်မတီ ဒိုင်ဌာနတို ပူးပေါင်း ဖွင့်လှစ်မည့် MFF Basic Referee Course 2/2024 ကို မေ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်

၂။ ဖလိုင်းဝိတ် ဝိတ်တန်းတွင် ရပ်တည်မှု အဆင့် (၁၃)နေရာ၌ ရှိနေသည့် ဂျပန်ဖိုက်တာနှင့် ဂျော့ရှူဝါဗန် တို ယှဉ်ပြိုင်ထိုးသတ်မည်

၃။ အာဆီယံ ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် VAR စနစ်ကျင့်သုံးမည်

၄။ မက်ဆီက လေ့ကျင့်ရေးကွင်းမှာ ဘယ်လောက်ထိ အလုပ်ကြိုးစားတယ်ဆိုတာ ထုတ်ဖော်ပြောကြားလိုက်တဲ့ မာတီနက်ဇ်

၅။ ယုံကြည်မှုပိုင်းဆိုင်ရာ ပြဿနာ ကြုံတွေ့နေရတယ်လို့ ဖွင့်ဟလာတဲ့ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူ

အနုပညာသတင်းများ

၁။ ‘အောင်မြတ်သာ ထုတ်လုပ်သူ နဲ့ ရှေ့ကသရုပ်ဆောင်တွေ ပြဿနာဖြစ်ခဲ့တဲ့ အတွက် ဒါရိုက်တာ လိုနေလို့ အပိုင်း (၆) ပိုင်းပဲ ဝင်ရိုက်ပေးခဲ့တာပါ’ လို့ ပြောလာတဲ့ ညိုမင်းလွင်

၂။ သူမဘဝရဲ့ Record အနေနဲ့ 360 Degree Concerts ဖျော်ဖြေပွဲ ကျင်းသွားမယ့် နီနီခင်ဇော်

၃။ စိတ်ဝင်စားစရာ ရသစုံပေးစွမ်းနိုင်မယ့် “အဆိပ်မဲ့ ဆူး” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၇-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ