(၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ (၆၂) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီစာအုပ်အရေအတွက် ၅၅၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး သန်း ၅၆၀၀နီးပါး ရရှိခဲ့

၂။ မေ ၃ ရက်မှ မေ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချိုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ဟု မိုးဇလ ထုတ်ပြန်

၃။ Online Trading Platform မှတဆင့် တရုတ်ယွမ် ၅ သန်း နှင့် ထိုင်းဘတ် သန်း ၃၀ ထပ်မံ ရောင်းချပေးမည်

၄။ လာမည့်မေလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၅၂) စင်းဝင်ရောက်ဆိုက်ကပ်ဖိုရှိ

၅။ မြန်မာလက်နက်ကိုင်များအတွက် အမေရိကန်အကူအညီက ပြောင်းပြန်ရလဒ် ထွက်ပေါ်ဖွယ်ရှိနေပြီး ပါဝင် ပတ်သက်သူများ ပေးဆပ်ရမှု တန်ဖိုးကြီးမားလိမ့်မည်ဟု ဝါရှင်တန်စစ်ရေးအကြံပေးပုဂ္ဂိုလ် ဝေဖန် (ဘာသာပြန်

၆။ မြစ်ကြီးနားအပါအဝင် မြိုပေါင်း ၁၁ မြိုအထိတိုးချဲ့၍ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးမည်

၇။ အိန္ဒိယ-မြန်မာနယ်စပ်မှာ သိုလှောင်ထားတဲ့ လက်နက်အများအပြားကို အာသံရိုင်ဖယ်တပ်က ဖော်ထုတ်ဖမ်းမိ

၈။ ဧပြီလ ၃၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၆၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၄၅ ကျပ်၊ Octane 95 – ၂၉၆၀ ကျပ်၊ Diesel – ၂၄၁၀ ကျပ်၊ Premium Diesel – ၂၄၆၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ပူတင်သည် အတိုက်အခံခေါင်းဆောင် နာဗာညီ သေဆုံးမှုနှင့်ပတ်သက်ပြီး အမိန့်ပေးခဲ့ဖွယ်မရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများ ပြောကြား

၂။ အစ္စရေးရဲ့ အပစ်ရပ် အဆိုပြုချက်ကို လက်ခံဖို အမေရိကန်နဲ့ ဗြိတိန်က ဟားမတ်စ်ကို တိုက်တွန်း

၃။ ကူးသန်း ရောင်းဝယ်ရေးသင်္ဘောနှစ်စင်းနှင့် အမေရိကန်ဖျက်သင်္ဘောနှစ်စင်းတိုကို ဟူသီတို တိုက်ခိုက်ပြန်

၄။ တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောတွေကို စကာဘိုရော့ချ် သောင်ခုံကျောက်တန်းမှ မောင်းထုတ်

၅။ ကိုလံဘီယာနိုင်ငံမှာ စစ်တပ်ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး

၆။ တွေ့ဆုံမှုအပြီး ပါကစ္စတန်အား ချေးငွေ ၁ ဒသမ ၁ ဘီလျံ ပေးအပ်ရန် IMF သဘောတူခဲ့

အားကစားသတင်းများ

၁။ ဘိုင်ယန်မြူးနစ်က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့ လီဝန်ဒေါစကီး

၂။ ပိုချက်တီနို ဆက်ရှိနေဖို့ ချဲလ်ဆီးကစားသမားတွေ လိုလားနေကြပါတယ်လို့ ပြောလိုက်တဲ့ ကူကူရယ်လာ

၃။ အာဆင်နယ်နဲ့ ပွဲတုန်းကလိုမျိုး ဂိုးတွေပေးနေရရင် တော့တင်ဟမ်က အသင်းကြီး မဖြစ်နိုင်ဘူးလို့ ဗန်ဒီဗန် ပြောကြား

၄။ နည်းပြနေရာအတွက် ယခင်နည်းပြဟောင်း တန်ဟက်ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတဲ့ အေဂျက်

၅။ အမ်ဘာပေနေရာမှာ အစားထိုးမယ့် တိုက်စစ်မှူးစာရင်းမှာ ရက်ရှ်ဖို့ဒ်ကို ထည့်သွင်းထားခြင်းမရှိတဲ့ ပီအက်စ်ဂျီ

အနုပညာသတင်းများ

၁။ ရုပ်ရှင်ဇာတ်ကားကြီးကမ်းလှမ်းလာရင် ပြန်ရိုက်ကူးဖိုအစီအစဥ်ရှိတယ်ဆိုတဲ့ မြသဥ္ဇာလီ

၂။ ယောက်ျားတွေနဲ့ အထိအတွေ့သိပ်မရှိလို လင်မယားခန်းတွေရိုက်ရင် သိပ်အဆင်မပြေဘူးဆိုတဲ့ အေမီဈာန်

၃။ အီကွေဒေါ အလှမယ်ပြိုင်ပွဲဝင်ဟောင်းအား သေနတ်သမားနှစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်တွင် လုပ်ကြံသတ်ဖြတ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
Next post (၁-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ