(၂၈-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၈-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ သန်းခေါင်းစာရင်းမေးခွန်းပုံစံ ပြင်ဆင်အတည်ပြုခြင်းအပြင် ကောက်ကွက်ဖွဲခြင်းကို သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ပြီးဖြစ်
၂။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရဲတပ်ဖွဲအတွက် ယွမ် ငါးသန်းတန်ဖိုးရှိ အကူအညီပေးများ ပေးအပ်မည် ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ဆုတံဆိပ် ချီးမြှင့်
၃။ ကူမင်းမြိုတွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခမ်းအနားသို မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်
၄။ ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းကို အိမ်နီးချင်းနိုင်ငံများနှင့်ကုန်သွယ်ရန်ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ်
၅။ မြဝတီမြိုတိုက်ပွဲပြီးချိန်တွင် တိုက်ပွဲအတွင်း အသုံးချခံခဲ့ရသည့် PDF များအနက် အလင်းဝင်လိုသူများရှိနေပြီး လက်ခံရန်အသင့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
၆။ ရခိုင်ပြည်မှ ဘင်္ဂါလီမွတ်ဆလင်များက လက်နက်ကိုင် AA ကို ပြန်လည်တိုက်ခိုက်နေဟု AA ဝန်ခံလာ
၇။ ကားနှင့်တိုက် ဖမ်းဆီးခံရသော ပန်းပင်ကြီးလမ်းဆန္ဒပြမှု သတင်းပေးသူ ဒလန်ဟုဆိုကာ Operation Flame PDF အဖွဲက ဆိုက်ကားသမားတစ်ဦးကို အလစ်တွင် နောက်မှဦးခေါင်းကို သေနတ်ဖြင့်ပစ်သတ်
၈။ ဧပြီလ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၃၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၄၅ ကျပ်၊ Octane 95 – ၂၉၆၀ ကျပ်၊ Diesel – ၂၄၁၀ ကျပ်၊ Premium Diesel – ၂၄၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်က လျှိဝှက်ထောက်ပံ့ပေးခဲ့သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ယူကရိန်းက ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုနေကြောင်း အမေရိကန်အရာရှိများ ပြောကြား
၂။ ယူကရိန်း၏ ဒရုန်း ၆၈ စင်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှား ပြောကြား
၃။ ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၂၂ စင်းနှင့် ဒရုန်းများကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
၄။ အီရန်နှင့် ရုရှားနိုင်ငံတိုတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ အမေရိကန် ပံ့ပိုးကူညီနေဟုဆို
၅။ ICC ဆုံးဖြတ်ချက်တွေက အစ္စရေးရဲ့ လုပ်ဆောင်ချက်တွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း နေတန်ယာဟု ပြောကြား
၆။ လန်ဒန်မြိုတွင် ပါလက်စတိုင်းထောက်ခံသည့် ဆန္ဒပြပွဲများစတင်သည်မှစ၍ လူ ၄၅၀ ဖမ်းဆီးခံရ
အားကစားသတင်းများ
၁။ ဟံသာဝတီ ယူနိုက်တက်အသင်းက ငွေကြယ်ပွင့်လေးများအသင်းကို (၆)ဂိုးသွင်းယူ၍ ဂိုးပြတ်အနိုင်ရရှိ
၂။ ထိုင်း Patong Fight မှာ ခေါင်ပွဲထိုးသတ်ပြီး ခါးပတ်လုဦးမဲ့ လှဝင်းစိန်
၃။ အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ တော့တင်ဟမ်က အကုန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆွန်ဟောင်မင် အခိုင်အမာဆို
၄။ ပွဲချိန်အတွင်း ကွင်းဘေးမှာ အချင်းများခဲ့တဲ့ ဆာလက်နဲ့ကလော့ပ်
၅။ မန်စီးတီးရဲ့ဘဏ္ဍာရေးစည်းမျည်းချိုးဖောက်မှု ၁၁၅ မှုကို မကြာခင်မှာ ကြားနာမယ်လို့ ပရီးမီးယားအမှုဆောင် ရစ်ချက်မာစတာ ဆို
အနုပညာသတင်းများ
၁။ မြန်မာသံစဥ်တွေကို ပြန်ဆိုတာအားပေးပေမဲ့ မူရင်းတော့မပျောက်ပါစေနဲ့ဆိုတဲ့ မြန်မာသံစဉ် ဂန္တဝင်အဆိုတော်ကြီး စည်သူတင်တင်မြ
၂။ GL Series ပုံစံ “အချစ်နှင့် ခေမရဌ်”ဇာတ်လမ်းတွဲကို ကျိုင်းတုံနဲ့ ချင်းမိုင်ဘက်မှာ အခက်အခဲမျိုးစုံနဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးခဲ့တယ်ဆိုတဲ့ ဒါရိုက်တာ ကျော်ထင်
၃။ လန်ဒန်မြို SOAS တက္ကသိုလ်၌ ကျင်းပသည့် အာဆီယံရုပ်ရှင်ပွဲတော်တွင် မြန်မာရုပ်ရှင် ပါဝင်ပြသ