(၁၁-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၁-၄-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ဥရောပအာရှစီးပွားရေးကော်မရှင် ၊ အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် လက်ခံတွေ့ဆုံ

၂။ သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း(၁၁၀၀၀၀)ခန့်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၄၀၀၀၀)ကျော် အသုံးပြု ကောက်ယူမည်

၃။ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်မည့်အတွက် ရန်ကုန်တိုင်းအတွင်း မြိုနယ်နေရာအချိုတွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်

၄။ အီးစီးကရက်သုံးစွဲမှုကို ကာကွယ်တားဆီးရေးအတွက် ဥပဒေပြဋ္ဌာန်းချက်များ ချမှတ်ရန် လိုအပ်ဟု ကျန်းမာရေးဝန်ကြီးပြော

၅။ မြဝတီမြိုအား စစ်မဲ့ဇုန်သတ်မှတ်ပေးရန် စစ်ဘေးရှောင်ပြည်သူအချို ဆန္ဒထုတ်ဖော်

၆။ မူဆယ်မြိုမှ ဆရာဝန်ကြီးတစ်ဦးကို လက်နက်ကိုင်(၄)ဦးက ဆေးခန်းအတွင်းဝင်ရောက်ကာ ဖမ်းဆီးပြန်ပေးဆွဲ

၇။ ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကာ အဆိုပါလမ်းပိုင်းတွင် လူစီးရထားများ ပြေးဆွဲမည့်အခြေအနေကို ယနေ့ ဆုံးဖြတ်မည်

၈။ ဧပြီလ ၁၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၇,၄၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၉၅ ကျပ်၊ Octane 95 – ၂၉၀၅ ကျပ်၊ Diesel – ၂၄၀၀ ကျပ်၊ Premium Diesel – ၂၄၄၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်း၏ စစ်ရေးစွမ်းရည် မြှင့်တင်ရေး ဒေါ်လာ ၁၃၈ သန်းရှိသော စစ်လက်နက်များကို ရောင်းချရန် အမေရိကန် သဘောတူ

၂။ လူမျိုးတုန်းသတ်ဖြတ်မှုများကို အစ္စရေးက ကျူးလွန်နေခြင်းမရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

၃။ ဖိအားတွေရှိနေပေမယ့် ရာဖယ်မြိုကို ထိုးစစ်ဆင်တိုက်ခိုက်မှာဖြစ်ပြီး ဘယ်သူမှတားဆီးလိုမရနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ပြော

၄။ ကမ္ဘောဒီးယား တူးမြောင်းစီမံကိန်းကို တရုတ်က စစ်ရေးအရ အသုံးချလာနိုင်ဆိုသော ယူဆချက်ကို ဟွန်ဆန် ပယ်ချ

၅။ သက်ဆင်အား တော်ဝင်မျိုးနွယ်စော်ကားမှုဖြင့် စွဲချက်တင်ရန်ဆုံးဖြတ်ခြင်းမရှိသေး

၆။ ရုရှားနဲ့ ဆွေးနွေးမှုမရှိဘဲ ဥရောပတွင် ငြိမ်းချမ်းမည်မဟုတ်ဟု သြစတြီးယား အဓိပတိပြောကြား

အားကစားသတင်းများ

၁။ AFC Futsal Asian Cup 2024 ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များ မြင့်တက်

၂။ UFC- 302 ပွဲစဉ်တွင် ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်နှင့် တရုတ်နိုင်ငံသား Sumudaerji ယှဉ်ပြိုင်ထိုးသ-တ်မည်

၃။ နိုင်ငံတကာပြိုင်ပွဲနှင့် သင်တန်းတက်‌ရောက်ရန် မြန်မာဒိုင် လူကြီး (၃)ဦး ဖိတ်ကြားခံရ

၄။ ဘိုင်ယန်နဲ့ပွဲက အမှားတွေကို အာဆင်နယ်အနေနဲ့ သင်ခန်းစာယူဖို့ အာတီတာ တိုက်တွန်း

၅။ ပွဲမပြီးသေးပါဘူးလို့ ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရိုဒရီဂို

အနုပညာသတင်းများ

၁။ လူမှုကွန်ရက်ပေါ် ပျံ့နှံနေသည့်အသံဖိုင်တွင် နာမည်ပါဝင်နေမှုအပေါ် တရားဥပဒေအရ ဖြေရှင်းမည်ဟု မအေးသောင်းတုံပြန်လာ

၂။ ကိုယ့်နိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုသင်္ကြန်ကို သူများလက်ထဲမရောက်သွားဖို တန်ဖိုးထားစေချင်တယ်ဆိုတဲ့ ခြူးစစ်ဟန်

၃။ နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှမည့် ကိုရီးယား K-pop အနုပညာရှင်များ ၂၄ ဦးပါဝင်သည့် ပထမအဖွဲ ရန်ကုန်သို ရောက်ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စာရိတ္တအဖွဲ့သားများရဲ့ နှစ်သစ်ကူး စုပေါင်းအလှူ ပြုလုပ်
Next post နေပြည်တော်လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲကြမဲ့ ကိုရီးယား K-pop အနုပညာရှင်ပထမအဖွဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာ