(၁၈-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၈-၃-၂၀၂၄)ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို တက်ရောက်

၂။ အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို နိုင်ငံရေးပါတီ (၂၄)ခုက ကန့်ကွက်ရှုတ်ချ

၃။ မန္တလေး မဟာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်ဆောက်မည့်သူများ အခွန်ပေးသွင်းရန်မလိုဘဲ ဦးရာလူစနစ်ဖြင့် လျှောက်ထားနိုင်

၄။ ပင်လယ်ဓားပြများက ပြန်ပေးဆွဲထားသည့် သင်္ဘောအား အိန္ဒိယရေတပ် တက်ရောက်စီးနင်းပြီး မြန်မာသင်္ဘောသားများ အပါအဝင် ၁၇ ဦးအား ကယ်တင်နိုင်ခဲ့

၅။ သုံးရက်ကြာ ကျင်းပမည့် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ခုနှစ်ဖွဲ၏ မျက်နှာစုံညီအစည်းအဝေး ထိုင်းနိုင်ငံ ချင်းမိုင်မြိုတွင် ကျင်းပ

၆။ အမေရိကန် စွက်ဖက် ပိတ်ဆိုနေ၍ မြန်မာပြည်သူများ အခက်ကြုံနေသည့်အပေါ် သတင်းစာရှင်းလင်းပြီး မြန်မာ့နိုင်ငံရေး အမေရိကန်ဝင်မစွက်ဖက်ရန် အချက်ငါးချက်တောင်းဆို

၇။ မွန်ပြည်နယ်အတွင်း  စစ်မှုထမ်းရန် စုဆောင်းပေးနေသော  အုပ်ချုပ်ရေးမှူးများအား  အကြမ်းဖက်များမှ ခြိမ်းခြောက်နေ

၈။ မတ်လ ၁၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၇၉၄,၃၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၃၀ ကျပ်၊ Octane 95 – ၂၈၄၅ ကျပ်၊ Diesel – ၂၄၃၅ ကျပ်၊ Premium Diesel – ၂၄၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်း၏ တိုက်ခိုက်မှုများကို စစ်ရေးအရ ပြင်းထန်စွာတုံပြန်သွားမည်ဟု ရုရှားသမ္မတ ပူတင် ပြောကြား

၂။ နိုဝင်ဘာရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် အရေးအကြီးဆုံးနေ့ရက် ဖြစ်လာနိုင်ပြီး ဘိုင်ဒင်သည် အဆိုးဆုံးသမ္မတတစ်ဦးဖြစ်ကြောင်း ထရန့် ပြောကြား

၃။ တစ်ချိန်ချိန်တွင် ပြင်သစ်သည် ယူကရိန်း၌ မြေပြင်စစ်ဆင်ရေး ဆင်နွှလာနိုင်ကြောင်း ပြင်သစ်သမ္မတ ပြောကြား

၄။ အမေရိကန်နှင့် စစ်ရေးသဘောတူညီချက်များကို ရုတ်သိမ်းလိုက်ကြောင်း နိုင်ဂျာစစ်အစိုးရ ကြေညာ

၅။ ယူကရိန်းကို နေတိုးတပ်ဖွဲဝင်တွေ စေလွှတ်မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း အီတလီအစိုးရ သတိပေး

၆။ ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်တွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းချမှုနှင့်ပတ်သက်ပြီး Meta ကုမ္ပဏီ စုံစမ်းစစ်ဆေးခံနေရ

အားကစားသတင်းများ

၁။ ပေါင်မြိုနယ်လုံးဆိုင်ရာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ စိုးလင်းဦး ၏ ဒိုရိုးရာကလပ်မှ (၃) ဦး ပါဝင်ယှဉ်ပြိုင်မည်

၂။ သွေးသစ်မောင်နှင့် ဖားဆိုဖွမ်းတို၏ ယှဉ်ပြိုင်ထိုးသ-တ်မှုတွင် သွေးသစ်မောင် အမှတ်ဖြင့် ရှုးနိမ့်

၃။ ချူကွီမီကာ၊ မာဒူကီတို့ရဲ့နောက်ကျဂိုးတွေနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တဲ့ ချဲလ်ဆီး

၄။ အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက်ပါဝင်ဖို့ ဆာလီဘာကို တားမြစ်သွားဖွယ်ရှိတဲ့ အာဆင်နယ်

၅။ ဖူလ်ဟမ်ကိုဂိုးပြတ်အရေးနိမ့်ပြီးနောက် ရက်စက်ပြတ်သားတဲ့ ထင်မြင်ချက်တစ်ခု ထုတ်ပြောလာတဲ့ ဆွန်ဟောင်မင်

အနုပညာသတင်းများ

၁။ ချစ်သူလေယာဉ်မယ်နဲ့ ရွှေလက်တွဲသွားတဲ့ အောင်မင်းခန့်

၂။ မက်ဆီကိုနိုင်ငံတွင် ကျင်းပမည့် Miss Universe ပြိုင်ပွဲ၌ ဝတ်ဆင်မည့် သဘင်မင်းသားခေါင်းပေါင်းနှင့် အမျိုးသမီး ဂါဝန်တွဲဖက်မှုကို သဘင်အစည်းအရုံး ပြင်းထန်စွာကန့်ကွက်ကာ တားမြစ်ချက်မလိုက်နာပါက အရေးယူမည်ဟုပြော

၃။ ဒါရိုက်တာ အေရီအက်စတာ၏ Eddington ရုပ်ရှင်တွင် ဂျိုအာကွင်းဖီးနစ်နှင့် အမ်မာစတုန်းတို ပါဝင်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၈-၃-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ