(၃၀-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃၀-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် လှိင်သာယာမြိုနယ်၊ မြိုပြဖွံဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို သွားရောက်ကြည့်ရှုစစ်ဆေး
၂။ စက်မှုဇုန် (၂၉) ဇုန်နှင့် သီလဝါ အထူးစီးပွားရေးဇုန်တိုတွင် ရင်းနှီးမြှုပ်နှံမည့်ကိစ္စရပ်များ အပါအဝင် အခြားကဏ္ဍများကို မြန်မာ-တရုတ်နှစ်နိုင်ငံဆွေးနွေး
၃။ ဗဟိုဘဏ်မှ ထိုင်းဘတ် ၈ သန်းကျော် ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၄၆ သန်းကျော် ထုတ်ရောင်းထား
၄။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC က မြန်မာနိုင်ငံကို စီရင်ပိုင်ခွင့်မရှိကြောင်းနဲ့ ရခိုင်အရေး အနီးကပ်စောင့် ကြည့်နေကြောင်း တရုတ်ပြော
၅။ ဖလမ်း၊ လုမ်သဲရွာဆေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၇ ဦးအနက် ၅ ဦးမှာ ဆေးခန်းကို အကာအကွယ်ယူထားသည့် CNO/ CNDF လက်နက်ကိုင်များဖြစ်နေသည်ဟု ချင်းလက်နက်ကိုင် ZPO ဖော်ထုတ်
၆။ CDM အမျိုးသမီးတစ်ဦးပုံကို အကြိမ်ကြိမ် ခြိမ်းခြောက် တောင်းခံ၍ လိင်စိတ်ဖြေဖျောက်သည့် လူငယ်များသမဂ္ဂမှ ဗဟိုအလုပ်အမှူဆောင် စောရဝေကို တော်လှန်ရေးအမည်းစက်အဖြစ် သတ်မှတ်ထုတ်ပယ်
၇။ အကြမ်းဖက် TNLA/PDF အဖွဲတွေ ခြေကုပ်ယူထားတဲ့ သပိတ်ကျင်းမြိုနယ်၊ စပယ်နဂိုရွာရှိ အကြမ်းဖက်စခန်းကို တပ်မတော် သိမ်းပိုက်
၈။ နိုဝင်ဘာလ ၂၉ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၇၆,၄၈၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၅ ကျပ်၊ Octane 95 – ၃၁၈၀ ကျပ်၊ Diesel – ၂၆၅၅ ကျပ်၊ Premium Diesel – ၃၂၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အိုင်စီစီ ရှေ့နေချုပ် ကရင်ခန်း ၅၄ နှစ်သည် အသက်၃၀ ကျော် အရွယ်လက်အောက်ရှေ့နေမတယောက်ကို တဖက်သတ်ကြိုက်ပြီး လိုက်လံနှောင့်ယှက်ခဲ့သဖြင့် ကုလသမဂ္ဂ OIOS အဖွဲက စုံစမ်းစစ်ဆေးနေ
၂။ ဘန်ကောက်တွင် မိုးပျံဝန်ချီစက်စင်ကြီးတစ်ခု လမ်းမပေါ်ပြိုလဲကျ၍ လူလေးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ
၃။ မက္ကဆီကိုနဲ့ ကနေဒါကို သွင်းကုန်အခွန်ကောက်မယ့်ကိစ္စ ထရမ့်ပြန်စဉ်းစားလိမ့်မယ်လို မျှော်လင့်ကြောင်း ဂျိုးဘိုင်ဒန်ပြော
၄။ အမေရိကန်ဒုံးကျည်တွေကို လက်မခံဖို ဖိလစ်ပိုင်ကို တရုတ်သတိပေး
၅။ လေယာဉ်ပြေးလမ်းသစ်က ဆူညံသံခံစားနေရတဲ့ ဒေသခံတွေအတွက် AOT က ဘတ် ၁၂ ဘီလျံ လျော်ကြေး ပေးမည်
၆။ စစ်မှုထမ်းရမယ့်အရွယ်ကို အသက် ၁၈ နှစ်အထိ လျှော့ချဖို ယူကရိန်းကို အမေရိကန်တိုက်တွန်း
အားကစားသတင်းများ
၁။ ဖီဖာအသိမှတ်ပြု ခြေစမ်းပွဲများ ရှုးပြီးနောက် မြန်မာအသင်း ကမ္ဘာ့အဆင့် နှစ်ဆင့် ထပ်ကျ
၂။ MFF မှတဆင့် ဖီဖာအသိအမှတ်ပြု လိုင်စင်ရ အေးဂျင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ဂါနာနိုင်ငံသား အောင်မြင်
၃။ ၂၀၂၄ FIFA The Best ဆုများအတွက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်
၄။ ဘောလုံးပွဲကြည့်ရှုခွင့်လက်မှတ်ဈေးနှုန်းများမြင့်တတ်နေမှုများကို အခုသတင်းတစ်ပတ်ကုန်မှာ ဆန့်ကျင်ကန့်ကွက်ဖို ပူးပေါင်းမှာဖြစ်ကြောင်းသိရ
၅။ ကမ္ဘာ့နံပါတ် ၂ တင်းနစ်မယ် အီဂါ ဆွီဝါတက် ဟာ တစ်လဆိုင်းငံ့ ခံခဲ့ရ
အနုပညာသတင်းများ
၁။ တကယ့်အပြင်မှာ နွားဖြစ်နေတဲ့ အမျိုးသမီးတွေ အကြောင်းကို အဓိက Main Point အနေနဲ့ ရိုက်ပြချင်တယ်ဆိုတဲ့ ခင်သဇင်
၂။ ဟာသ ဒရာမာဇာတ်လမ်းပုံစံ “Drama Queens”ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲပေး
၃။ အဆိုးလေးသီချင်းထုတ်ဖို မေမေ့ပစ္စည်းတွေပေါင်ပြီး ကြိုးစားခဲ့ရတာပါဆိုတဲ့ ရွှေမှော်