(၂၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၉-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မြန်မာနိုင်ငံ “စီးပွားရေးနှစ် (၁၀၀)ပြည့်” ရာပြည့်အထိမ်းအမှတ် အခမ်းအနားတက်ရောက်ချီးမြှင့်

၂။ ရုရှား၏ သဘာဝရွက်ဖျန်းအားဆေးစက်ရုံစီမံကိန်း နေပြည်တော်တွင် စတင်တည်ဆောက်မည်

၃။ မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းပြီး အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနေဟုပြည်ထဲရေးဒုဝန်ကြီး ပြော

၄။ NLD အစိုးရဟောင်းချပေးခဲ့သော ဂရန်မြေကွက် ၃၆ ကွက်ကို နေပြည်တော်စည်ပင် ပြန်လည်ပယ်ဖျက်

၅။ ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဟု ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ပြော

၆။ ထိုင်းနိုင်ငံတွင် မြန်မာကျောင်းသားကလေးငယ် ဆယ်နှင့်ချီ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ကျူးလွန်သည့် ကျောင်းဆရာကို ဖမ်းဆီး

၇။ NLD ပါတီရဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်အနိုင်ရခဲ့သူဖြစ်ပေမဲ့ လက်နက်ကိုင်သွားတဲ့ ချန်းဆင်ဇီ ရှေ့တန်းမှာ သေဆုံး

၈။ နိုဝင်ဘာလ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၈၀,၅၄၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၅၅ ကျပ်၊ Octane 95 – ၃၁၅၀ ကျပ်၊ Diesel – ၂၆၂၀ ကျပ်၊ Premium Diesel – ၃၂၅၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ နေတန်ယာဟုကို ဝရမ်းထုတ်သည့်အတွက် ထရမ့်ပ်နှင့် ကွန်ဂရက်က အိုင်စီစီကို အရေးယူဒဏ်ခတ်လိမ့်မည်

၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ခါလီဒါနှင့် အခြားနှစ်ဦးကို လာဘ်စားမှုဖြင့် အောက်ရုံးက ခုနှစ်နှစ်ပြစ်ဒဏ်ချမှတ်ထားမှုအား အထက်တရားရုံး ပယ်ဖျက်

၃။ ထရမ့်ရဲ့အခွန်တိုးကောက်မယ့်အစီအစဉ်ကြောင့် အမေရိကန် ၄ သိန်း အလုပ်လက်မဲ့ဖြစ်မယ်လို မက္ကဆီကို သမ္မတသတိပေး

၄။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွက် လက်တုံပြန်ခွင့်ရှိပေမဲ့ လက်ဘနွန်အပစ်အခတ်ရပ်စဲရေးကို အီရန်ကြိုဆို

၅။ တရုတ်နိုင်ငံဘဏ်ရဲ့ ဥက္ကဋ္ဌဟောင်းအား လာဘ်စားမှုအတွက် ဆိုင်းငံ့သေဒဏ်ချ

၆။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ပုံမှန်လစာမရ၍ အဝေးပြေးလမ်းမကိုပိတ်ဆိုကာ ဆန္ဒပြ

အားကစားသတင်းများ

၁။ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၌ ပဲခူးတိုင်းကိုယ်စားပြုအဖြစ် အားကစားသမား (၅၇၆)ဦးဝင်ရောက်ယှဉ်ပြိုင်မည်

၂။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် ဥရောပအခြေစိုက်ကစားသမားအချိုပါဝင်လာသည့် အင်ဒိုနီးရှား အသင်း

၃။ ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတိုရဲ့ လူငယ်ကစားသမား လမိုင်း ယာမယ် ဟာ ၂၀၂၄ ခုနှစ်ရဲ့ အသက် ၂၁ နှစ်အောက် ဥရောပအကောင်းဆုံးကစားသမားဆု ဖြစ်တဲ့ Golden Boy Award ကိုရရှိခဲ့

၄။ မန်ချက်စတာစီတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ ဂျော်ဂျီယာနိုင်ငံသား မီခေးလ် ကာဗီလာရှီဗီလီ ဟာ နိုင်ငံရဲ့သမ္မတအဖြစ် ဖြစ်လာဖိုရှိကြောင်း သိရ

၅။ ချန်ပီယံရှစ်မှာရုန်းကန်နေရတဲ့ဟားလ်စီးတီးအသင်းဟာ အသင်းကို ၁၇နှစ်ပွဲ တာဝန်ယူပြီးနောက် နည်းပြ တင်မ်ဝေါ်တာကို ထုတ်ပယ်ခဲ့တယ်လိုသိရ

အနုပညာသတင်းများ

၁။ ရွှေထူးနဲ့ ရွှေမှုန်တိုလို တော်တဲ့သူတွေနဲ့ တွဲရိုက်ခဲ့ရတာမို အမှတ်တရတွေ အများကြီးရှိခဲ့တယ်ဆိုတဲ့ နေဆန်း

၂။ Time is Money မို အနုပညာရှင်တွေ ရှုတင်ချိန်နောက်ကျရင် အရမ်းနစ်နာတယ်ဆိုတဲ့ သားညီ

၃။ မိဘတွေကိုရည်စူးပြီး နဂါးဖြူ ဥယျာဥ်တော်ကျောင်းတိုက် ကထိန်အောင်ပွဲနဲ့ နဂါးတစ်ထောင်ဆရာ တော် သိက္ခာထပ် အလှူအခမ်းအနား ကျင်းပခဲ့တဲ့ မိုးဟေကို

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၉-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ