(၂၂-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၂-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်

၂။ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ သံအမတ်ကြီးများကောင်စီတို တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်

၃။ ဗဟိုဘဏ်မှ ဒေါ်လာ ၂၄ သန်း ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော် ထုတ်ရောင်းထား

၄။ ဗာတီကန်သံရုံးသည် IBEC ကျောင်းတော်ကြီးအတွက်”ငြိမ်းချမ်းရေးမဟာမိတ်”အဖြစ်ဂုဏ်ပြုမှတ်တမ်းတင်ဟု IBEC ဆရာတော်မိန့်ကြား

၅။ မြန်မာ့ ပြည်တွင်းပဋိပက္ခကြောင့် ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှု ထိုင်းဘတ် ၅ ဘီလျံခွဲလောက်အထိ သုံးဆမြင့်တက်လာ

၆။ လူ ၂၁ ဦးပါ မူးယစ်မှောင်ခိုဂိုဏ်းအား ငွေကျပ် ၂၇ ဒသမ ၅ ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ်နှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းတိုနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

၇။ ဘုရားသုံးဆူမြိုမှာ KNU အဖွဲက ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် နိုင်ငံ့ဝန်ထမ်း မိသားစုဝင် သုံးဦးကို သတ်ဖြတ်

၈။ နိုဝင်ဘာလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၅၉,၂၆၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၁၀ ကျပ်၊ Octane 95 – ၃၂၀၀ ကျပ်၊ Diesel – ၂၆၆၅ ကျပ်၊ Premium Diesel – ၃၃၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အွန်လိုင်းလောင်းကစားစွဲနေပြီး လူ ၁၄ ယောက်ကို အဆိပ်ခတ်သတ်ဖြတ် လုယက်ခဲ့တဲ့ ထိုင်းအမျိုးသမီးကို သေဒဏ်ချ

၂။ ရုရှားလေကြောင်းရန်ကို စိုးရိမ်တဲ့အတွက် ကိယက်ဗ်က အမေရိကန်သံရုံး ပိတ်ထား

၃။ ဂါဇာမှာ ကျူးလွန်တဲ့ စစ်ရာဇ၀တ်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ်ကို ICC က ဖမ်းဝရမ်းထုတ်

၄။ အိန္ဒိယဘီလျံနာအဒါနီ လာဘ်ပေးလာဘ်ယူမှုဖြင့်တရားစွဲခံရ

၅။ ရုရှားက ယူကရိန်းကို နျူကလီးယားထိပ်ဖူးတပ် ပစ်ခတ်နိုင်တဲ့ ICBM တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ ပထမဆုံးအကြိမ် တုံပြန်ပစ်ခတ်

၆။ ခေတ္တရှေ့နေချုပ်ဟောင်းကိုထရမ့်ပ်က နေတိုးသံတမန်အဖြစ်ခန့်အပ်

အားကစားသတင်းများ

၁။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်

၂။ အင်ဒိုအသင်းကို ရှုးနိမ့်ခဲ့သည့်အတွက် မြန်မာအမျိုးသမီးဖူဆယ်အသင်း တတိယ‌ နေရာဖြင့် လွဲချော်

၃။ ယနေ့မှာ အကောင်းဆုံး ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ ထွန်းမင်းအောင် ကတိပြု

၄။ လက်ကျန်နှစ်ပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက် ယူ-၂၀ အသင်း

၅။ ကွန်ကာကပ် နေရှင်းလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ လာမယ့်ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းပိတ် ကစားရမှာဖြစ်

အနုပညာသတင်းများ

၁။ လာမယ့်နှစ်၂၀၂၅ ဒီဇင်ဘာမှာကျင်းပမယ့် Miss World Myanmar 2025 ပြိုင်ပွဲကြီးကို National Director အဖြစ် ထူးအံ့လွင်က လုပ်ဆောင်သွားမည်

၂။ ပြန်ဆိုတေးတွေ သီဆိုပြီး သူတော်လိုတတ်လို အတ္တမာနစိတ်လေးဝင်သွားရင် ခဏပဲ အောင်မြင်တယ်ဆိုတဲ့ မေခလာ

၃။ Producer တွေက ဟာသကားရော သရုပ်ဆောင်တွေအတွက် ဒရာမာကားပါ မျှမျှတတလေး ရိုက်ပေးရင် ပိုကောင်းမယ်ဆိုတဲ့ မြင့်မြတ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၁-၁၁-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post Miss World Myanmar 2025 ပြိုင်ပွဲကြီးကို National Director အဖြစ် လုပ်ဆောင်သွားမည့် ထူးအံ့လွင်