(၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၇-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ပထမအကြိမ် Asia Buddhist Summit 2024 အစည်းအဝေးကို သီတဂူဆရာတော်ကြီးတက်ရောက်
၂။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော
၃။ တရုတ်နိုင်ငံသို ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်များနှင့် ယနေ့ တွေ့ဆုံဆွေးနွေး
၄။ တောင်ကြီးတန်ဆောင်တိုင်တွင် မီးပုံးပျံ အလုံးရေ ၂၀၀ ကျော် လွှတ်တင်မည်
၅။ FATF က မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက် တိုးမြှင့်ပေး
၆။ သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ကို ဗဟိုဘဏ် ထပ်မံရောင်းချပေးမည်
၇။ PDF ကြီးစိုးထိန်းချုပ်ထားသည့် ကနီမြိုနယ် NUG ပညာရေးဘုတ်တာဝန်ခံ ကျောင်းဆရာမိသားစုလိုက် သတ်ဖြတ်ခံရမှုကို NUG ရှုတ်ချပြီး တရားမျှတမှုရရှိရေးဆောင်ရွက်ပေးမည် ပြော
၈။ နိုဝင်ဘာလ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၄၂,၂၀၈ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၈၀ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်သမ္မရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရရှိသည်ဟု မီဒီယာများတွင် စတင်ကြေညာ
၂။ တရုတ်ဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို ရှန်ဟိုင်း၌တွေ့ဆုံ
၃။ ဂါဇာရှိကျောင်းသားများက ပြည်ပ၌ ပညာသင်ယူခွင့်ပြန်ရရေး ဆန္ဒထုတ်ဖော်
၄။ ရုရှားတင့်ကားစက်ရုံက အင်ဂျင်နီယာတစ်ဦး နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရ
၅။ မြောက်ကိုရီးယားတပ်နဲ့ ပထမဦးဆုံးတိုက်ပွဲဖြစ်ပွားပြီး စာမျက်နှာသစ်ဖွင့်လှစ်လိုက်ကြောင်း ဇီလန်စကီးပြော
၆။ စစ်ပွဲတင်းမာမှု မြင့်တက်နေချိန်၌ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီးအား ရာထူးမှထုတ်ပယ်
အားကစားသတင်းများ
၁။ ရွှေသံလွင်မြန်မာမီဒီယာ၏ Sky Net လက်အောက်ရှိ One News သတင်းချန်နယ်နှင့် ရုပ်သံလိုင်းအချို ရပ်နား
၂။ Myanmar Women League 2024 ၏ သွင်းဂိုးအများဆုံးရရှိသူ တိုက်စစ်မှူး နှစ်ဦး ထွက်ပေါ်လာခဲ့
၃။ နာမည်ကျော် ထိုင်းလက်ရွေးစင်ဟောင်း Dusit ကန်ချနဘူရီပါဝါအက်(ဖ်)စီအသင်း နည်းပြသစ်အဖြစ် ကိုင်တွယ်မည်
၄။ အယ်ဟီလာအသင်းဟာ လာမယ့်နှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မိုဟာမက်ဆာလာကို ခေါ်ယူဖို စိတ်အား ထက်သန်နေ
၅။ NBA ဟာ ရွေးကောက်ပွဲရက်အတွင်း ပြိုင်ပွဲတွေကို ရပ်နားခဲ့ပြီး ရလဒ်ထွက်ပေါ်လာမှသာ ပြိုင်ပွဲတွေကို စတင်မှာဖြစ်
အနုပညာသတင်းများ
၁။ အသက် ၄၆ နှစ်ပြည့်မွေးနေ့မှာ ဝေဒနာရှင် ၂၅၀၀ ကျော်ကို အခမဲ့ပါရမီဖြည့် ဆေးကုသပေးခဲ့တဲ့ ထူးခန့်ကျော်
၂။ ရိုတက သားမရတော့ ယောက်ျားကို ချိန်နေတယ်လို ပြောလာတဲ့ မေထွဋ်ခေါင်
၃။ အမေရိကန်ရွေးကောက်ပွဲတွင် ကြားနေအဖြစ်သာနေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ခရစ္စပတ်