(၂၈-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၈-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၆) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ပွဲ ကျင်းပမည်
၂။ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရန် ကြိုးစားနေဟုဆို
၃။ NLD ပါတီ ကို မှတ်ပုံတင်ရန်အတွက် နစက က တိုးတိုးတိတ်တိတ်ပြောကြားလာခြင်းမျိုးမရှိဟု ဒေါ်စန္ဒာမင်း တုံပြန်
၄။ ကျောင်းသား (၆၀ဝ)ခန့် ပညာသင်ကြားနေသော မဇွပ်ယန် အခြေခံပညာ အလယ်တန်းကျောင်းနေရာတွင် KIO နှင့် အကျိုးတူကုမ္ပဏီက ကျောက်စိမ်းတူးရန် ပြင်ဆင်နေ
၅။ မြန်မာကနေ တရားမဝင်တင်သွင်းထားတဲ့ထုတ်ကုန်တွေအတွက် အများပြည်သူကျန်းမာရေးသတိပေးချက်ကို အမေရိကန်ပြည်နယ်(၉)ခုမှာ ထုတ်ပြန်
၆။ ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး လေကြောင်းခရီးစဉ်ကို ချောင်းသာ၊ ငွေဆောင်ကမ်းခြေဒေသများနှင့်ချိတ်ဆက်နိုင်ရန်ရည်ရွယ်ပြေးဆွဲခြင်းဖြစ်
၇။ မန္တလေးမြိုတွင် ဖခင်ထံ သားဖြစ်သူမှ ပိုက်ဆံတောင်းရာမှတဆင့် ရန်ဖြစ်ထိုးကြိတ်မှု ဖြစ်ပွားပြီး အိမ်မီးရှိမှု ဖြစ်ပွား
၈။ အောက်တိုဘာလ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၂၆,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၈၀ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ တရုတ်ဟက်ကာများက အမေရိကန်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ကာမလာဟဲရစ်၏ မဲဆွယ်စည်းရုံးရေးအဖွဲနှင့် ဆက်နွှယ်သူများ၏ ဖုန်းများကို ပစ်မှတ်ထားတိုက်ခိုက်
၂။ အီလွန်မာ့စ်သည် အမေရိကန်တွင် တရားမဝင် အလုပ်လုပ်ခဲ့ဖူးကြောင်း ၀ါရှင်တန်ပိုစ် သတင်းစာက ဖော်ပြ
၃။ လေကြောင်းလိုင်းများတွင် ဗုံးခြိမ်းခြောက်မှုအတုများကိစ္စ လူမှုမီဒီယာများကို အိန္ဒိယအစိုးရ သတိပေး
၄။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ဖိုနဲ့ ပတ်သက်ပြီး အီရန် သတိထားနေ
၅။ ထရာမီမုန်တိုင်းအရှိန်ကြောင့် ဗီယက်နမ်လေဆိပ် လေးခုမှာ လေယာဉ်ခရီးစဉ်များ ရပ်နားထားရ
၆။ အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုက ဘာလီမှာ ဒုတိယမြောက်လေဆိပ် ထားရှိဖို စီစဉ်ထား
အားကစားသတင်းများ
၁။ AFC Challenge League 2024 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရရှိ
၂။ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံသို ထွက်ခွာ
၃။ ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ၏ မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၅)ခုအပါအဝင် ဆုတံဆိပ် (၈)ခုရရှိခဲ့
၄။ ဧရာဝတီယူနိုက်တက် ယူ-၂၀ အသင်းနှင့် ISPE ယူ-၂၀ အသင်းတို တစ်ဂိုးစီ သရေကျ
၅။ လမင်းယာမယ်ဟာ အယ်လ်ကလက်စီကိုပွဲစဉ်မှာ အသက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့
အနုပညာသတင်းများ
၁။ မြန်မာ့ရုပ်ရှင်လောက ရှိတာနဲ့ ဖြစ်အောင်လုပ်ရတာဆိုတဲ့ ဆင်ခြေတွေနဲ့ ရေစုန်မြောတော့မှာလား
၂။ အချိန်တစ်ခုရောက်မှ အနုပညာအလုပ်တွေ စ,မလုပ်စေချင်လို ရန်နိုင်ဆိုတဲ့ ဗန့်ကာရိုက်တာရိုက်ဖို ဖျောင်းဖျကြည့်တာပါဆိုတဲ့ ခြူးလေး
၃။ မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “ရမ္မက်ကကြိုး”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး