(၂၆-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၆-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ နိုင်ငံအလိုက်ပူးပေါင်းတိုက်ဖျက်ရမည့် နယ်စပ်ဖြတ်ကျော်မှုခင်းများကို အတူတကွပူးပေါင်းတိုက်ဖျက်သွားရန် လိုအပ်မည်ဟု နစက ဥက္ကဋ္ဌ ပြော
၂။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင် ဖမ်းဆီးထိန်းသိမ်းခံရ
၃။ (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို လူ/ကယ်/ပြန် ဝန်ကြီးတက်ရောက်
၄။ ကုလသမဂ္ဂ စက်မှုဖွံဖြိုးတိုးတက်ရေးအဖွဲအစည်း၏ နိုင်ငံစုံစက်မှု မူဝါဒဆိုင်ရာဖိုရမ်သို ဗီယင်နာမြို အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်
၅။ ရွှေဈေးကို ကောလဟာလ သတင်းများဖြင့် လိုသလို ဆွဲတင်နေမှုများကို မယုံရန် YGEA ထုတ်ပြန်
၆။ ရွှေထည်ပစ္စည်း (၅) ပိဿာအား လုယက်ယူဆောင်သွားသူများကို ရက်ပိုင်းအတွင်းဖမ်းမိ
၇။ PDF များက မြိုင်မြိုနယ်၊ သရက်ကန်ကျေးရွာရှိ စာသင်ကျောင်းအတွင်းသို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအချို ထိခိုက်ဒဏ်ရာများရရှိ
၈။ အောက်တိုဘာလ ၂၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၂၆,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၈၀ ကျပ်၊ Octane 95 – ၃၂၉၀ ကျပ်၊ Diesel – ၂၆၁၅ ကျပ်၊ Premium Diesel – ၃၂၆၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်တွင် ကြိုတင်မဲပေးသူပေါင်း ၂၅ သန်းနီးပါးရှိလာ
၂။ NATO အဖွဲဝင် ခုနှစ်နိုင်ငံက ယူကရိန်းကို အဖွဲဝင်နိုင်ငံအဖြစ် လက်ခံမှုမရှိကြောင်း Politico သတင်းဌာနက ဖော်ပြ
၃။ မြန်မာ့ အကျပ်အတည်းကို မည်သည့်စူပါပါဝါကမှအသုံးမချသင့်
၄။ အစ္စရေးက ဟစ်ဇဘိုလာ၏ ဘေရွတ်တောင်ပိုင်း အမာခံနယ်မြေကို ညအချိန်တွင် လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်
၅။ ရုရှားတွင် စစ်သင်တန်းများလေ့ကျင့်ခဲ့သည့် ပထမအသုတ် မြောက်ကိုရီးယားတပ်ဖွဲများကို ကာ့စ်ဒေသတွင် ဖြန့်ကြက်ချထားကြောင်း ယူကရိန်း ပြောကြား
၆။ ထရမ့်မဲဆွယ်အုပ်စုအတွက် နောက်ထပ် ဒေါ်လာ ၄၄ သန်း အီလွန်မတ် ထပ်မံထောက်ပံ့
အားကစားသတင်းများ
၁။ အုပ်စုအဆင့် ပွဲဦးထွက် ရှုးနိမ့်ထားသည့် မြန်မာ ယူ-၁၇ အသင်း ယနေ့ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်
၂။ နှစ်သစ်နှင့်အတူ ပြန်လာဦးမည့် သံမဏိစိုးလင်းဦး
၃။ ESPN က ရွေးချယ်ခဲ့တဲ့ သမိုင်းတလျောက် အကောင်းဆုံး အားကစားသမား စာရင်းမှာ တတိယချိတ်ခဲ့တဲ့ လီယွန်နယ် မက်ဆီ
၄။ နေးရှင်းလိဂ်ပွဲများတွင် အိုဒီဂတ်ကို ပြန်အသုံးပြုနိုင်ရန် နော်ဝေနည်းပြ မျှော်လင့်
၅။ မော်ရိုကိုနဲ့ မာဆေးလ်ကွင်းလယ်ကစားသမားဟောင်း အဗ္ဗဒယ်လာဇစ် ဘာရာဒါ ဟာ နှလုံးရောဂါနဲ့ အသက် ၃၅နှစ်အရွယ်မှာ ကွယ်လွန်
အနုပညာသတင်းများ
၁။ တာချီလိတ်ရေဘေးသင့်ပြည်သူများထံ သိန်း၅၀၀၀လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
၂။ MGI 2024 မှာ 2nd Runner up ရရှိသွားတဲ့ သဲစုညိမ်း
၃။ Miss Grand Myanmar 2024 အလှမယ်ဆုကို India အလှမယ် ရရှိ