(၂၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ပိုမိုမြင့်မားလာအောင် ဆောင်ရွက်နေသော်လည်း တိုင်းတစ်ပါးယဉ်ကျေးမှုများ ထိုးဖောက်လွှမ်းမိုးမှုအန္တရာယ် ရှိနေဆဲဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
၂။ အမေရိကန်ဒေါ်လာ (၇.၅) သန်းကျော်နှင့် ထိုင်းဘတ်သန်း (၁၅၀) နီးပါးကို ထုတ်ရောင်းထား
၃။ မြန်မာနှင့်လာအိုနှစ်နိုင်ငံအကြား ရွှေ့ပြောင်းအလုပ်သမားကိစ္စ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှစ်ဘက်ဝန်ကြီးများ သဘောတူ
၄။ သုခဒဂုံပြည်သူ့အငှားအိမ်ရာ တတိယအဆင့် တိုက် ၇၁ လုံးအနက် ပြီးစီးသည့်တိုက် ၄၃ လုံးအပါအဝင် လစ်လပ်အခန်းများကိုပါ မဲစနစ်ဖြင့်ရွေးချယ်သွားမည်
၅။ ပြည်သူ့အလှူငွေ ကိုယ်ကျိုးသုံးစွဲနေသည့် NUG ၏ အဂတိမှုများ စောင့်ကြည့်မည့် ACT အဖွဲ ဖွဲစည်း
၆။ ရပ်ဆိုင်းထားသည့် ရန်ကုန်မြိုသစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
၇။ တပ်မတော်မှ KNU ဗဟိုဌာနချုပ်ကို ဗုံးကြဲပြီးနောက် တရေဖိုးကွီးနှင့် ပရေကျေးကို ထပ်မံဗုံးကြဲ၊ လှိင်းဘွဲမြိုတွင်လည်း လုံခြုံရေးတပ်ဖွဲဝင် အင်အားအများအပြား ရောက်ရှိနေ
၈။ အောက်တိုဘာလ ၂၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၆၁၀,၁၇၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ BRICS ထိပ်သီးအစည်းအဝေးတက်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုရှားနိုင်ငံသို ရောက်ရှိ
၂။ ယူကရိန်းစစ်ပွဲ မြောက်ကိုရီးယားပါဝင်ပတ်သက်မှုကို ဖုံးကွယ်မထားဘဲ တုံပြန်ဖို မဟာမိတ်နိုင်ငံတွေကို ဇီလန်စကီး တောင်းဆို
၃။ ဘော်လတစ်ဒေသအတွက် နေတိုးအဖွဲ ရေတပ်ကွပ်ကဲမှုစင်တာအသစ်တစ်ခု ဂျာမနီဖွင့်လှစ်
၄။ စာရင်းပါ မဲဆန္ဒရှင် လေးသိန်းခွဲခန့်မှာ မဲပေးခွင့်ရသည့် နိုင်ငံသားများဟုတ်မဟုတ် ပြန်ကြားပေးခြင်းမရှိ၍ဆိုကာ တက္ကဆပ်ပြည်နယ် ရှေ့နေချုပ်က ဘိုင်ဒင်အစိုးရကို တရားစွဲဆို
၅။ ဂျီဟတ်ဝါဒီထိပ်တန်းခေါင်းဆောင်အပါအဝင် အိုင်အက်စ်ခေါင်းဆောင် ၉ ဦးကို အီရတ်တပ်ဖွဲဝင်တွေ ရှင်းလင်း သုတ်သင်ခဲ့
၆။ နယူးဒေလီမြိုတော်တွင် အန္တရာယ်ရှိသော လေထုညစ်ညမ်းမှု ကြုံတွေ့
အားကစားသတင်းများ
၁။ ဟောင်ကောင်ကို အနိုင်ရအောင် ကစားနိုင်မယ်လို ယုံကြည်တယ်ဟု မြန်မာအမျိုးသမီးလက်ရွေးစင် ကစားသမား ဝင်းသိင်္ဂီထွန်း ပြော
၂။ ပထမဆုံး စပွန်ဆာ စာချုပ် ချုပ်ဆိုနိုင်လိုက်တဲ့ သန့်ဇင်
၃။ တန်ဟက်ဂ်အပေါ် ဖိအားတွေ တိုးမြင့်လာချိန် ဘာစီလိုနာနည်းပြဟောင်း ဇာဗီ မန်ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်
၄။ ONE နဲ့ လက်မှတ်ထိုးထားတဲ့ အကြောင်း ခိုင်မာတဲ့ အချက်ထွက်ပေါ်လာတဲ့ ဘယ်ရော်နီကာ
၅။ မီလန် နုတ်ထွက်ပြီးနောက် ၂၀၂၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပဖို အဇာဘိုင်ဂျန်နဲ့ စပိန်တို အပြိုင်ဖြစ်
အနုပညာသတင်းများ
၁။ ငိုရတဲ့ကာရိုက်တာ ချက်ချင်းငိုလိုရပေမယ့် ဟာသ ကာရိုက်တာရိုက်ရတာခက်တယ် ဆိုတဲ့ မိုးပြည့်ပြည့်မောင်
၂။ ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ရရှိလာတဲ့အလှူငွေ ကျပ်သိန်း ၅၀ ထဲက လိုအပ်နေတဲ့နေရာတွေကို ဟိန်းဝေယံ ထပ်မံလှူဒါန်း
၃။ အမုန်း၊ အာဃာတနဲ့ အက်ရှင်ဇာတ်လမ်းပုံစံ “ရန်ကြွေး ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး