(၂၂-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၂-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာ-ရုရှားနှစ်နိုင်ငံ ဒုတိယအကြိမ် ရေကြောင်းလုံခြုံရေးလေ့ကျင့်ခန်း ဆောင်ရွက်ရန် ရုရှားရေတပ်မှ စစ်ရေယာဉ် ၄ စီး ရန်ကုန်သို ရောက်ရှိနေ

၂။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်

၃။ စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်း ဗဟိုဘဏ် ထပ်မံရောင်းချပေးမည်

၄။ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက်စပါးတင်း (၁၀၀) ၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို (၉၅၀၀၀၀) ကျပ် သတ်မှတ်

၅။ ဘီလူးချောင်းအမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းအတွင်း သဲနုန်းရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးပါက မကြာမီလျှပ်စစ်မီးပုံမှန် ပိုလွှတ်ဖြန့်ဖြူးမည်

၆။ စစ်ကိုင်းမြိုပေါ်မှာ အကြမ်းဖက်လူသတ်နေတဲ့ PDF တစ်ဦးကို မိုင်းထောင်နေစဥ် ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

၇။ အောင်လံမြိုနယ်တွင် အမှိက်ကောက်၍ ကျပန်းနေထိုင်သူ အမျိုးသားတစ်ဦးကို စစ်သွေးကြွတွေက ဓားဖြင့် ခုတ်ကာ သတ်ဖြတ်သွား

၈။ အောက်တိုဘာလ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၅၄၁,၅၁၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဂါဇာမြောက်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၀ ကျော် ‌သေဆုံး

၂။ အိန္ဒိယတွင် လေကြောင်းလိုင်းများ ဗုံးခွဲခံရမည်ဟု ခြိမ်းခြောက်မှုကြောင့် စိုးရိမ်မှုများမြင့်တက်

၃။ ယူကရိန်းကို နေတိုးအဖွဲဝင်နိုင်ငံအဖြစ်လက်မခံရင် နျူကလီးယားလက်နက်တွေ ပြန်လည်ပိုင်ဆိုင်လာအောင် ဆောင်ရွက်သွားမယ်လို ဇီလန်စကီးပြော

၄။ အမေရိကန်က B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်နဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ရင်း အီရန်ကို သတိပေး

၅။ ဟားမက်စ်ခေါင်းဆောင် သေဆုံးသွားလည်း ထိုးစစ်ရပ်မည်မဟုတ်ဟု အစ္စရေးပြော

၆။ အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အားကစားသတင်းများ

၁။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပ

၂။ ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ မြန်မာအသင်း အုပ်စုပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်

၃။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ တွေ့ဆုံနေ

၄။ ယူကရိန်းနပမ်းသမားကရုရှားနပမ်းသမားကိုလက်ဆွဲနှုတ်ဆက်ရန်ငြင်းဆန်

၅။ အင်္ဂလန်အသင်းတွင် ပါဝင်ခွင့်ရရန် နည်းပြသစ်တူဟယ်နှင့် ဂရင်းဝုဒ် ဆွေးနွေးလို

အနုပညာသတင်းများ

၁။ ကျော်ထက်အောင်၊ ရှင်မွေလတိုလို မင်းသားတွေနဲ့လုပ်ဆောင်မှုတွေပါတာမို ရယ်ရပါတယ်ဆိုတဲ့ ငြိမ်းချမ်း

၂။ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် Miss Earth 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်သော်တာစန်း ဝင်ရောက်ယှဉ်ပြိုင်ဖို ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ

၃။ လန်ဒန်၌ အဆိုတော်လီယန်ပိန်း၏ပရိသတ်များစုဝေးကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် Miss Earth 2024 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်သော်တာစန်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ
Next post (၂၂-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ