“သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကျင်းပ

စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး သရုပ်ဆောင်မေမီကိုကိုအတွက် အနုပညာမှတ်တိုင်တစ်ခုအဖြစ်ကျန်ရှိနိုင်မယ့် “သဘင်သည်မြနှင်းဆီ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို ယမန်နေ့ ဩဂုတ်လ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေဖြစ်တဲ့ ဦးဝင်းကြည်(ထုတ်လုပ်သူ)၊ ဇာတ်ညွှန်း အင်ကြင်းဟန် ၊ ဒါရိုက်တာ မင်းဆက်၊ ထူးမြတ်၊ ဟင်နရီစံ၊ မေမီကိုကို ၊ စင်ဒီမြတ်၊ ကလေးသရုပ်ဆောင် ဆုရတနာထိုက်၊ ယွန်းသဒ္ဒါဟန်၊ ဒေါ်စမ်းစမ်းဝင်း၊ သံစဉ်ဖြိုးပိုင်၊ ရွှန်းလဲ့ရွှေရည်နဲ့ အတတ်ပညာရှင်တွေအပြင် ဖိတ်ကြားထား တဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း ကိုဆက် ၊ ဇာတ်ညွှန်း အင်ကြင်းဟန် ၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်လောက်က မြန်မာနိုင်ငံမှာ ရိုးရာအကနဲ့ အချစ်အမုန်း အငြိုးအဃာတတွေနဲ့ အကောင်းဆုံး ပုံဖော်ပြီး ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ ယခင်ထုတ်လွှင့်ပြသခဲ့တဲ့ သဘင်သည်မြနှင်းဆီ ရုပ်သံဇာတ်လမ်းတွဲနဲ့ မတူဘဲ သဘင်သည်မြနှင်းဆီ ရုပ်သံဇာတ်လမ်းတွဲ ကြီးကို Prequel ရုပ်ရှင်အဖြစ် သဘင်သည်မြနှင်းဆီ – The Beginning မှာ သရုပ်ဆောင် မေမီကိုကိုက သဘင်သည် မြနှင်းဆီရဲ့ မိခင်ဖြစ်သူ မြစမ်းကြည်နေရာက ပါဝင်ထားလည်းဖြစ်ပါတယ်။ “သဘင်သည်မြနှင်းဆီ – The Beginning” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလဆန်းမှာ ရုပ်ရှင်ရုံပိတ်ကားပေါ်မှာ ခံစားကြည့်ရှုကြရတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃၀-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသော လမ်းများတွင် မီးပွိုင့် ၆ ခု ထပ်မံတပ်ဆင်မည်